ထွက်မြောက် 28:9Common Language Bibleမဟူရာကျောက်နှစ်လုံးကိုယူ၍၊ ၎င်းတို့အပေါ် တွင် ယာကုပ်၏သားတစ်ဆယ့်နှစ်ယောက်တို့၏ နာမည်များကိုထွင်းရမည်။- အခန်းကိုကြည့်ပါ။ |
ယခုအဆွေတော်သည်ကျွန်ုပ်၏ထံသို့ပန်းပု အတတ်၊ ရွှေငွေနှင့်ကြေးဝါပန်းထိမ်အတတ်၊ ပန်းထည်အတတ်၊ နီပြာညိုမောင်းသောအထည် ယက်လုပ်သည့်အတတ်တို့ကိုကျွမ်းကျင်သူ တစ်ယောက်စေလွှတ်စေလိုပါသည်။ ထိုသူသည် ကျွန်ုပ်၏ခမည်းတော်ရွေးချယ်ထားသည့်ယုဒ ပြည်နှင့် ယေရုရှလင်မြို့မှလက်မှုပညာသည် များနှင့်အတူလုပ်ကိုင်ရန်ဖြစ်ပါသည်။-
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်၌စံပယ် လျက်၊ ပတ္တမြား၊ စိန်၊ ဥဿဖရား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်အစရှိသော ကျောက်မျက်ရတနာအမျိုးမျိုးတို့ကို ဝတ်စားဆင်ယင်ရ၏။ သင်၏ဝတ်စားတန် ဆာများသည်ရွှေဖြင့်ပြီး၏။ ထိုဝတ်စား တန်ဆာတို့ကိုသင်မွေးဖွားသည့်နေ့၌ပင် လျှင်သင်၏အတွက်ပြုလုပ်ခဲ့၏။-
ထိုနေ့ရက်ကာလကျရောက်လာသောအခါ သိုးထိန်းသည်သိုးစုအားဘေးအန္တရာယ်မှ ကယ်တင်သကဲ့သို့ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိလူမျိုးတော်အားကယ်တင်တော်မူ လိမ့်မည်။ သူတို့သည်သရဖူမှကျောက်မျက်ရတနာ များကဲ့သို့၊ ကိုယ်တော်၏ပြည်တွင်အရောင်အဝါ ထွန်းတောက်ကြလိမ့်မည်။