Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 27:19

Common Language Bible

တဲ​တော်​အ​တွက်​အ​သုံး​အ​ဆောင်​ပစ္စည်း​အား လုံး​ကို​လည်း​ကောင်း၊ တဲ​တော်​နှင့်​တဲ​တော်​အကာ အရံ​အ​တွက်​ကြက်​ဆူး​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​ဖြင့်​ပြု​လုပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​က​ရု​ဏာ​ထား တော်​မူ​သ​ဖြင့် လူ​မျိုး​ခြား​တို့​၏​လက်​မှ​လွတ် မြောက်​စေ​၍ ယ​ခု​အ​ခါ​သန့်​ရှင်း​မြင့်​မြတ်​သည့် ဌာ​န​တော်​တွင် ကာ​လ​အ​နည်း​ငယ်​မျှ​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ ပြီ။ ကိုယ်​တော်​သည်​ကျွန်ုပ်​တို့​အား ကျွန်​ဘ​ဝ​မှ လွတ်​မြောက်​စေ​၍​ဘ​ဝ​သစ်​ကို​ပေး​တော်​မူ ပါ​ပြီ။-

တဲ​တော်​ဝင်း​အ​ကာ​အ​ရံ​သည်​အ​လျား​ပေ​တစ် ရာ့​ငါး​ဆယ်၊ အ​နံ​ခု​နစ်​ဆယ့်​ငါး​ပေ​နှင့်​အ​မြင့် ခု​နစ်​ပေ​ခွဲ​ရှိ​ရ​မည်။ ကန့်​လန့်​ကာ​များ​ကို​ပိတ် ချော​ဖြင့်​လည်း​ကောင်း၊ ဖိ​နပ်​များ​ကို​ကြေး​ဝါ ဖြင့်​လည်း​ကောင်း​ပြု​လုပ်​ရ​မည်။-

``ဆီ​မီး​တိုင်​ကို​ည​နေ​တိုင်း​ထွန်း​ညှိ​နိုင်​ရန် အ ကောင်း​ဆုံး​သံ​လွင်​ဆီ​ကို​ယူ​ဆောင်​ခဲ့​ကြ​လော့ ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို လော့။-

ပြာ​နှင့်​အ​ဆီ​ခံ​အိုး၊ ဂေါ်​ပြား၊ အင်​တုံ၊ ချိတ်၊ မီး ကျီး​ခံ​အိုး​အ​စ​ရှိ​သော​ယဇ်​ပလ္လင်​နှင့်​ဆိုင်​ရာ တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ် ရ​မည်။-

တဲ​တော်​အ​တွက်​ကြက်​ဆူး​များ၊ တဲ​တော်​နှင့် တဲ​တော်​ဝင်း​အ​တွက်​ကြိုး​များ၊-

တဲ​တော်​နှင့်​ဝင်း​အ​တွက်​ကြက်​ဆူး​ရှိ​သ​မျှ တို့​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။

တဲ​တော်​ဝင်း​နှင့်​တံ​ခါး​ဝ​အ​တွက်​အောက်​ခံ များ၊ တဲ​တော်​နှင့်​တဲ​တော်​ဝင်း​အ​ကာ​အ​ရံ အ​တွက်​ကြက်​ဆူး​ရှိ​သ​မျှ​တို့​ကို​ထို ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။

တဲ​တော်​ဝင်း​အ​တွက်​ကန့်​လန့်​ကာ​များ၊ တိုင် များ​နှင့်​အောက်​ခြေ​ခံ​များ၊ တဲ​တော်​ဝင်း တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ​နှင့်​ကြိုး​များ၊ တဲ​တော်​ကြက်​ဆူး​များ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် အ​တွင်း​ဆောင်​ရွက်​ခြင်း​ဆိုင်​ရာ​ပစ္စည်း​ရှိ သ​မျှ​ကို​လည်း​ကောင်း၊-

ပညာရှိသောသူ၏စကားသည် တုတ်ချွန်နှင့် ၎င်း၊ တပါးတည်းသော သိုးထိန်းကြီးအပ်ပေတော်မူ၍၊ ပရိသတ်အုပ်တို့ ရိုက်ထားသောသံချွန်နှင့်၎င်း တူ၏။

ငါ​တို့​ဘာ​သာ​ရေး​ပွဲ​တော်​များ​ဆင်​နွှဲ​ရာ ဇိ​အုန်​မြို့​ကို​ကြည့်​ကြ​လော့။ ယေ​ရု​ရှ​လင် မြို့​ကို​ကြည့်​ကြ​လော့။ ထို​မြို့​သည်​ဘေး​မဲ့​လုံ ခြုံ​၍​အ​လွန်​နေ​ထိုင်​ရန်​ကောင်း​သည့်​မြို့​ဖြစ် ပါ​သည်​တ​ကား။ ယင်း​သည်​ပန္နက်​တိုင်​များ​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​နုတ်​ယူ​ဘဲ အ​စဉ် ခိုင်​ခံ့​သည့်​ကြိုး​တို့​ဖြင့်​ဆွဲ​ချည်​ထား​ကာ၊ အ​ဘယ်​အ​ခါ​၌​မျှ​မ​ပြောင်း​မ​ရွှေ့​ရ​သည့် တဲ​ရှင်​နှင့်​တူ​လိမ့်​မည်။-

သူ​တို့​အ​ထဲ​မှ​မင်း​များ၊ ခေါင်း​ဆောင်​များ၊ တပ်​မှူး​များ​အ​စ​ရှိ​သည်​တို့​ပေါ်​ထွန်း လာ​မည်။-

သူ​တို့​သည်​တဲ​တော်​ဝင်း​ရှိ​တိုင်​များ၊ အောက်​ခံ ခုံ​များ၊ ကြက်​ဆူး​များ၊ ကြိုး​များ​ကို​လည်း ထိန်း​သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။

တဲ​တော်​ဝင်း​ပတ်​လည်​ရှိ​တိုင်​များ၊ အောက်​ခံ​ခုံ များ၊ ကြက်​ဆူး​များ​နှင့်​ကြိုး​များ​ကို​လည်း ကောင်း၊ ထို​ပစ္စည်း​များ​ကို​တပ်​ဆင်​ရာ​၌​အ​သုံး ပြု​သော​တန်​ဆာ​ပ​လာ​အား​လုံး​တို့​ကို လည်း​ကောင်း​သယ်​ဆောင်​ရ​မည်။ လူ​တိုင်း မိ​မိ​အ​တွက်​သတ်​မှတ်​ပေး​သော​ပစ္စည်း ကို​သယ်​ဆောင်​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ