မြောက်ဘက်တွင်လည်းထိုနည်းအတိုင်းကန့်လန့် ကာချိတ်ဆွဲရန်စီမံလော့။-
ထိုကန့်လန့်ကာချိတ်ဆွဲရန်အတွက်တိုင်နှစ်ဆယ်၊ ဖိနပ်နှစ်ဆယ်တို့ကိုကြေးဝါဖြင့်ပြုလုပ်၍တိုင် ချိတ်၊ တိုင်တန်းများကိုငွေဖြင့်ပြီးစေရမည်။-
တဲတော်ဝင်းအနောက်ဘက်တွင်နှစ်ဆယ့်ငါးကိုက် ရှည်သောကန့်လန့်ကာကိုချိတ်ဆွဲရန်၊ တိုင်ဆယ် တိုင်နှင့်ဖိနပ်ဆယ်ခုရှိစေရမည်။-