ထွက်မြောက် 25:16Common Language Bibleပညတ်တော်များကိုအက္ခရာတင်ထားသည့် ကျောက်ပြားနှစ်ပြားကိုငါပေးမည်။ ထိုကျောက် ပြားများကိုသေတ္တာထဲ၌ထည့်ထားရမည်။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ယောယဒသည်ယောရှအားထုတ် ဆောင်လာကာ သရဖူကိုဆောင်းပေးပြီးလျှင် မင်းကျင့်တရားကျမ်းကိုပေးအပ်လေသည်။ ဤသို့ဖြင့်ယောရှကိုမင်းမြှောက်ကြ၏။ ယဇ် ပုရောဟိတ်ယောယဒနှင့်သူ၏သားတို့သည် ယောရှအား ဘိသိက်ပေးပြီးကြသောအခါ လူအပေါင်းတို့က``မင်းကြီးသက်တော်ရှည် ပါစေသော'' ဟုကြွေးကြော်ကြကုန်၏။
အာရုန်နှင့်သူ၏သားတို့သည်ထာဝရဘုရား စံတော်မူရာ တဲတော်အတွင်းပဋိညာဉ်သေတ္တာ ကို ကာရံထားသောကန့်လန့်ကာအပြင်ဘက် တွင်၊ ထိုဆီမီးတိုင်ကိုညနေမှနံနက်ထိ ထာဝရဘုရား၏ရှေ့တော်တွင်ထွန်းထားရ မည်။ ဣသရေလအမျိုးသားတို့နှင့်သူတို့၏ အဆက်အနွယ်တို့သည် ဤပညတ်ချက်ကို အမြဲစောင့်ထိန်းရကြမည်။