Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 23:32

Common Language Bible

သူ​တို့​နှင့်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​နှင့် သော်​လည်း​ကောင်း သင်​တို့​သည်​မည်​သည့်​ပ​ဋိ ညာဉ်​ကို​မျှ​မ​ပြု​လုပ်​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​လျက်​သူ​တို့​၏ ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​လိုက်​နာ​ကျင့်​သုံး​ကြ​၏။

``သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​ကို​နား​ထောင် လော့။ အ​ခြား​သော​ဘု​ရား​တို့​ထံ​ဆု​မ​ပန်​နှင့်။ ထို​ဘု​ရား​တို့​၏​နာ​မ​ကို​မျှ​မ​မြွက်​ဆို ကြ​နှင့်။

သင်​တို့​သည်​သူ​တို့​၏​ဘု​ရား​များ​ကို​ဦး မ​ချ​ဝတ်​မ​ပြု​ရ။ သူ​တို့​၏​ဘာ​သာ​ဋ္ဌ​လေ့ အ​တိုင်း​မ​ကျင့်​ရ။ သူ​တို့​၏​ဘု​ရား​များ​ကို ဖြို​ဖျက်​၍​သူ​တို့​ကိုး​ကွယ်​သော​ကျောက်​တိုင် များ​ကို​ချိုး​ဖျက်​ရ​မည်။-

သင်​တို့​ဝင်​ရောက်​တိုက်​ခိုက်​မည့်​ပြည်​သား​တို့ နှင့်​မ​ဟာ​မိတ်​မ​ဖွဲ့​ရန်​သ​တိ​ပြု​လော့။ ထို သို့​ပြု​လုပ်​လျှင် သင်​တို့​သည်​သူ​တို့​၏ ထောင်​ချောက်​တွင်း​သို့​ကျ​လိမ့်​မည်။-

သင်​တို့​သည်​ထို​ပြည်​သား​တို့​နှင့်​မ​ဟာ​မိတ် မ​ဖွဲ့​ရ။ အ​ဘယ်​ကြောင့်​ဆို​သော်၊ သူ​တို့​သည် သူ​တို့​၏​ဘု​ရား​များ​အား​ရှိ​ခိုး​ပူ​ဇော်​သော အ​ခါ သင်​တို့​ဖိတ်​ခေါ်​သ​ဖြင့်၊ သူ​တို့​၏​ဘု​ရား များ​အား​ပူ​ဇော်​သည့်​အ​စား​အ​စာ​ကို​သင် တို့​စား​မိ​ကြ​လိမ့်​မည်​ဖြစ်​သော​ကြောင့်​တည်း။-

ခ​ရစ်​တော်​သည်​စာ​တန်​နှင့်​အ​ဘယ်​သို့​သ​ဘော တူ​နိုင်​ပါ​အံ့​နည်း။ ယုံ​ကြည်​သူ​သည်​မ​ယုံ ကြည်​သူ​နှင့်​အ​ဘယ်​သို့​တူ​ညီ​မှု​ရှိ​နိုင်​ပါ မည်​နည်း။-

ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ကိုး​ကွယ်​မှု​ဆိုင်​ရာ စက်​ဆုပ်​ဖွယ်​သော​အ​လေ့​အ​ကျင့်​များ​ကို သင် တို့​အား​သင်​ကြား​ပေး​သ​ဖြင့်​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​လိမ့်​မည်။ ထို့ ကြောင့်​သူ​တို့​ကို​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ထို​သူ​တို့ ကို​တိုက်​ခိုက်​အောင်​မြင်​ခွင့်​ပေး​တော်​မူ​မည် ဖြစ်​၍ ငါ​မှာ​ကြား​သည့်​အ​တိုင်း​သူ​တို့​ကို စီ​ရင်​ရ​မည်။-

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​သိမ်း​ယူ​မည့်​ပြည်​သို့​သင်​တို့​ကို ပို့​ဆောင်​လျက် ထို​ပြည်​တွင်​နေ​ထိုင်​သော​သင်​တို့ ထက်​လူ​ဦး​ရေ​များ​၍​အင်​အား​ကြီး​သော​ဟိတ္တိ လူ​မျိုး၊ ဂိရ​ဂါရှိ​လူ​မျိုး၊ အာ​မော​ရိ​လူ​မျိုး၊ ခါ နာ​နိ​လူ​မျိုး၊ ဖေ​ရ​ဇိ​လူ​မျိုး၊ ဟိ​ဝိ​လူ​မျိုး၊ ယေ​ဗု​သိ​လူ​မျိုး​တည်း​ဟူ​သော​လူ​မျိုး​ခု​နစ် မျိုး​တို့​ကို​နှင်​ထုတ်​တော်​မူ​လိမ့်​မည်။-

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင် တို့​၏​လက်​သို့​အပ်​တော်​မူ​သော​လူ​မျိုး​ရှိ​သ​မျှ ကို သင်​တို့​သည်​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရ​မည်။ ထို သူ​တို့​အား​မ​သ​နား​မ​ညှာ​တာ​ရ။ ထို​သူ​တို့ ၏​ဘု​ရား​များ​ကို​ဝတ်​မ​ပြု​ရ။ ဝတ်​ပြု​လျှင် သင်​တို့​အ​တွက်​ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လိမ့် မည်။''

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​လူ​မျိုး​တို့​ကို​သင်​တို့​လက်​သို့​အပ်​သ​ဖြင့် သူ​တို့​ကို​သင်​တို့​တိုက်​ခိုက်​အောင်​မြင်​သော​အ​ခါ ထို​သူ​အ​ပေါင်း​တို့​ကို​သတ်​ဖြတ်​သုတ်​သင်​ပစ်​ရ မည်။ သူ​တို့​နှင့်​မိတ်​မ​ဖွဲ့​ရ။ သူ​တို့​အား​မ​ကြင် နာ​မ​သ​နား​ရ။-

ယော​ရှု​သည်​တိုင်း​ပြည်​တစ်​ခု​လုံး​ကို​တိုက် ခိုက်​အောင်​မြင်​လေ​သည်။ သူ​သည်​တောင်​ပေါ် ဒေ​သ​ရှိ​မင်း​များ၊ အ​ရှေ့​ဘက်​တောင်​စောင်း နှင့်​အ​နောက်​ဘက်​တောင်​ခြေ​ရှိ​မင်း​များ​နှင့် တောင်​ဘက်​ခြောက်​သွေ့​သော​ဒေ​သ​ရှိ​မင်း အ​ပေါင်း​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​လေ​သည်။ ၎င်း​တို့​၏​ပြည်​သူ​ပြည်​သား​အား​လုံး​တို့​ကို တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့​လေ သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ဤ​သို့​ပြု​ခြင်း​ဖြစ်​သည်။-

ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``သင် တို့​သည်​ငါ​တို့​အ​နီး​အ​ပါး​တွင်​နေ​ထိုင်​သူ များ​ဖြစ်​ကောင်း​ဖြစ်​မည်။ ထို​သို့​ဆို​လျှင်​သင် တို့​နှင့်​အ​ဘယ်​ကြောင့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ် ချုပ်​ဆို​မည်​နည်း'' ဟု​ဆို​ကြ​၏။

သင်​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​သူ​တို့​နှင့် အ​ဘယ်​သို့​မျှ​ပ​ဋိ​ညာဉ်​မ​ပြု​ရ။ ထို​သူ တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ​ရ​ကြ​မည် ဟု​သင်​တို့​အား​ငါ​မိန့်​မှာ​ခဲ့​၏။ သို့​ရာ​တွင် သင်​တို့​သည်​ငါ​၏​အ​မိန့်​ကို​မ​နာ​ခံ​ကြ။ အ​ဘယ်​ကြောင့်​ဤ​သို့​ပြု​ဘိ​သ​နည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ