Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 23:27

Common Language Bible

``သင်​တို့​ကို​ရန်​ဘက်​ပြု​သူ​တို့​သည် ငါ့​ကို​ကြောက် ရွံ့​ရ​ကြ​လိမ့်​မည်။ သင်​တို့​ဝင်​ရောက်​တိုက်​ခိုက်​သော ပြည်​မှ လူ​တို့​သည်​က​စဥ့်​က​လျား​ဖြစ်​၍​ထွက် ပြေး​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သူ​တို့​စ​ခန်း​သိမ်း​၍​ထွက်​ခွာ​သွား ကြ​သော​အ​ခါ ပတ်​ဝန်း​ကျင်​ရှိ​မြို့​သား​တို့ သည်​အ​လွန်​ကြောက်​ရွံ့​ကြ​သ​ဖြင့် သူ​တို့​ကို လိုက်​လံ​၍​မ​တိုက်​ခိုက်​ဝံ့​ကြ​ချေ။-

ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​၏​ရှေ့​မှ​ရန်​သူ​များ​ကို ထွက်​ပြေး​စေ​တော်​မူ​ပါ​၏။ အ​ကျွန်ုပ်​သည်​မိ​မိ​ကို​မုန်း​သော​သူ​တို့​အား သုတ်​သင်​ဖျက်​ဆီး​ခွင့်​ကို​ရ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ရှု​ရိ​အ​မျိုး​သား​တို့ အား​မြင်း​စီး​သူ​ရဲ​များ၊ စစ်​ရ​ထား​များ​ဖြင့် တပ်​မ​တော်​ကြီး​ချီ​တက်​လာ​သော​အ​သံ​ကို ကြား​စေ​တော်​မူ​သ​ဖြင့် ရှု​ရိ​အ​မျိုး​သား​တို့ က``ငါ​တို့​ကို​တိုက်​ခိုက်​ရန်​ဣ​သ​ရေ​လ​ဘု​ရင် သည် ဟိတ္တိ​ဘု​ရင်​နှင့်​အီ​ဂျစ်​ဘု​ရင်​တို့​ကို​စစ် ကူ​တောင်း​လေ​ပြီ'' ဟု​အ​ချင်း​ချင်း​ပြော​ဆို ကြ​၏။-

ထို​နောက်​ဂေ​ရာ​မြို့​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​လန့်​လျက် နေ​ကြ​သ​ဖြင့် ယု​ဒ​တပ်​မ​တော်​သား​တို့​သည် ထို​မြို့​များ​ကို​ဖြို​ဖျက်​နိုင်​ကြ​လေ​သည်။ သူ တို့​သည်​ထို​မြို့​အ​ပေါင်း​ကို​တိုက်​ခိုက်​ကြ​ရာ လက်​ရ​ပစ္စည်း​အ​မြောက်​အ​မြား​ကို​သိမ်း​ယူ ရ​ရှိ​ကြ​၏။-

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ထံ​မှ​ရန်​သူ များ​ကို ထွက်​ပြေး​စေ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​လည်း​မိ​မိ​ကို​မုန်း​သူ​တို့​အား ချေ​မှုန်း​သုတ်​သင်​ပစ်​ပါ​၏။

မင်း​ကြီး​သည်​လေး​နှင့်​ခွင်း​တော်​မူ​လျက် သူ​တို့​အား တပ်​ခေါက်​၍​ထွက်​ပြေး​စေ​တော်​မူ​လိမ့်​မည်။

သင်​တို့​အား​လမ်း​ပြ​ရန်​ကောင်း​ကင်​တ​မန် ကို​ငါ​စေ​လွှတ်​မည်။ ခါ​နာန်​အ​မျိုး​သား၊ အာ မော​ရိ​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ အ​မျိုး​သား​တို့​ကို​ငါ​နှင်​ထုတ်​မည်။-

ငါ​သည်​အ​ခြား​လူ​မျိုး​များ​ကို​သင်​တို့​ချီ တက်​ရာ​လမ်း​ကြောင်း​မှ​နှင်​ထုတ်​၍ သင်​တို့​၏ နယ်​မြေ​ကို​တိုး​ချဲ့​ပြီး​သည့်​အ​ခါ​သင်​တို့​၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ ပွဲ​တော်​ကြီး​သုံး​ခု​ကျင်း​ပ​နေ​ချိန်​အ​တွင်း၊ မည်​သည့်​ရန်​သူ​မျှ​သင်​တို့​ကို​မ​တိုက်​ခိုက် စေ​ရ။

သူ​နှင့်​တ​ကွ​တိုင်း​သူ​ပြည်​သား​အ​ပေါင်း​တို့ သည် ထိတ်​လန့်​ကြောက်​ရွံ့​လာ​ကြ​လေ​သည်။-

သို့​မှ​သာ​လျှင်​သင်​တို့​ချီ​တက်​တိုက်​ခိုက်​သော အ​ခါ သင်​တို့​ထက်​ဦး​ရေ​များ​၍​အင်​အား​ကြီး မား​သည့်​လူ​မျိုး​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​နှင် ထုတ်​တော်​မူ​သ​ဖြင့် သူ​တို့​၏​ပြည်​ကို​သင် တို့​သိမ်း​ပိုက်​နိုင်​လိမ့်​မည်။-

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည့်​အ​တိုင်း သင်​တို့​ရောက်​ရာ အ​ရပ်​တွင်​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် သင် တို့​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။ မည်​သူ​က​မျှ သင်​တို့​ကို​မ​ခု​ခံ​နိုင်။''

ယ​နေ့​တွင်​အ​ရပ်​ရပ်​ရှိ​လူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို​ကြောက်​ရွံ့​ထိတ်​လန့်​စေ​ရန်​ငါ​စီ​ရင် မည်။ သင်​တို့​နာ​မည်​ကို​ကြား​ရ​ရုံ​မျှ​နှင့် လူ တိုင်း​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​လိမ့်​မည်' ဟု​မိန့် တော်​မူ​၏။''

ကတိ​တော်​အ​တိုင်း​သင်​တို့​၏​ရန်​သူ​တို့​ကို လည်း​နှင်​ထုတ်​နိုင်​လိမ့်​မည်။''

ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​များ​ကို​သင်​တို့ ၏​လက်​သို့​အပ်​သ​ဖြင့် သူ​တို့​သည်​က​စဥ့် က​လျား​ဖြစ်​၍​ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်။-

စစ်​မြေ​ပြင်​တွင်​ရှိ​သ​မျှ​သော​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည်​ကြောက်​လန့်​ကြ​ကုန်​၏။ တိုက်​ကင်း​ထွက်​လာ​ကြ​သူ​များ​နှင့်​တပ် စ​ခန်း​ရှိ​စစ်​သည်​တပ်​သား​တို့​သည် ထိတ် လန့်​တုန်​လှုပ်​ကြ​ကုန်​၏။ မြေ​ကြီး​ပင်​လျှင် တုန်​လှုပ်​ကာ​ရန်​သူ​တို့​သည်​က​စဥ့်​က​ရဲ ပြေး​ကြ​ကုန်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ