Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 23:22

Common Language Bible

သို့​ရာ​တွင်​သင်​တို့​သည်​သူ့​စ​ကား​ကို​နား ထောင်​၍ ငါ​မိန့်​မှာ​သ​မျှ​အ​တိုင်း​ပြု​လုပ်​လျှင် ငါ​သည်​သင်​တို့​၏​ရန်​သူ​အ​ပေါင်း​ကို​တိုက် ခိုက်​၍ သင့်​အား​ဆန့်​ကျင်​သူ​အ​ပေါင်း​ကို ဆန့်​ကျင်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သင့်​ကို​ကောင်း​ချီး​ပေး​သူ​တို့​အား​ငါ​ကောင်း ချီး​ပေး​မည်။ သင့်​ကို​ကျိန်​ဆဲ​သူ​တို့​အား​ငါ​ကျိန်​ဆဲ​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​သည်​သင့်​အား​ဖြင့် ကောင်း​ချီး​ခံ​စား​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ဆန့်​ကျင်​ဘက်​ပြု​သူ​တို့​ကို ဆန့်​ကျင်​ဘက်​ပြု​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​တိုက်​ခိုက်​သူ​တို့​ကို တိုက်​ခိုက်​တော်​မူ​ပါ။

ထို​သူ​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​ထိတ်​လန့် ကြ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​၏​လက်​ရုံး​တော်၊ တန်​ခိုး​တော်​ကြောင့် ကျွန်​ဘ​ဝ​မှ​ကိုယ်​တော်​လွတ်​မြောက်​စေ​တော် မူ​သော ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြတ်​သွား​စဉ်​သူ​တို့ သည် ကြောက်​ရွံ့​၍​ကြက်​သေ​သေ​လျက်​နေ​ကြ​ပါ​၏။

ငါ​သည်​ဤ​ပြည်​အား​ရှေး​အ​ခါ​က​ရ​ရှိ​ခဲ့​သည့် တန်​ခိုး​အာ​ဏာ​ကို​ပြန်​လည်​ပေး​၍ ထို​တန်​ခိုး​အာ​ဏာ​ကို​လည်း​တည်​တံ့​ခိုင်​မြဲ စေ​မည်။ သူ​တို့​အား​နှိပ်​စက်​ညှဉ်း​ပန်း​သူ​အ​ပေါင်း​ကို​ငါ အ​ပြစ်​ဒဏ်​ခတ်​မည်။

သင်​တို့​အား​ထိ​ပါး​လာ​သူ​သည်​ငါ​တန်​ဘိုး အ​ထား​ဆုံး​သော​အ​ရာ​ကို​ထိ​ပါး​သူ​ဖြစ် ၏'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​၏​လူ​မျိုး​တော်​တို့​အား​တိုက်​ခိုက် ချေ​မှုန်း​သူ​တို့​အား ဤ​ကဲ့​သို့​သ​တင်း​စ​ကား ပြော​ကြား​ရန် ငါ့​အား​အ​နန္တ​တန်​ခိုး​ရှင်​ထာ ဝ​ရ​ဘု​ရား​သည်​စေ​လွှတ်​တော်​မူ​သည်။

ဘု​ရား​သ​ခင်​သည်​သူ​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ခဲ့​တော်​မူ​၏။ သူ​တို့​သည်​နွား​ရိုင်း​ကဲ့​သို့​ခွန်​အား​ကြီး​၏။ သူ​တို့​သည်​ရန်​သူ​များ​ကို​ချေ​မှုန်း​ကြ​၏။ ရန်​သူ​တို့​၏​အ​ရိုး​များ​ကို​ညက်​ညက်​ကြေ စေ​လျက် သူ​တို့​၏​မြား​များ​ကို​ချိုး​ဖျက်​ကြ​၏။

ဣ​သ​ရေ​လ​နိုင်​ငံ​သည်​ခွန်​အား​ကြီး​သော ခြင်္သေ့​နှင့်​တူ​၏။ သူ​အိပ်​နေ​သော​အ​ခါ​မည်​သူ​မျှ​သူ့​ကို​မ​နှိုး​ဝံ့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကောင်း​ချီး​ပေး သော သူ​သည်​ကောင်း​ချီး​ပေး​ခြင်း​ကို​ခံ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကျိန်​ဆဲ​သော သူ​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​မည်။''

သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​ကို​နာ​ခံ​၍ ယ​နေ့​ငါ​ဆင့်​ဆို သ​မျှ​သော​ပညတ်​ရှိ​သ​မျှ​တို့​ကို​တစ်​သ​ဝေ မ​တိမ်း​စောင့်​ထိန်း​လျှင် ကိုယ်​တော်​သည်​သင်​တို့ အား​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​ထက် ချီး​မြှောက်​တော်​မူ​မည်။-

သင်​တို့​ကို​မုန်း​၍​နှိပ်​စက်​ညှဉ်း​ဆဲ​သော ရန်​သူ​များ​အ​ပေါ်​သို့ ထို​အ​မင်္ဂ​လာ​ရှိ သ​မျှ​ကို​ကျ​ရောက်​စေ​တော်​မူ​လိမ့်​မည်။-

ဘု​ရား​သ​ခင်​သည်​တ​ရား​သ​ဖြင့်​စီ​ရင်​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သည်​အ​တိုင်း သင်​တို့ ကို​ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​သူ​တို့​အား​ဆင်း​ရဲ ဒုက္ခ​ရောက်​စေ​တော်​မူ​လိမ့်​မည်။-

ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``သင် တို့​သည်​ငါ​တို့​အ​နီး​အ​ပါး​တွင်​နေ​ထိုင်​သူ များ​ဖြစ်​ကောင်း​ဖြစ်​မည်။ ထို​သို့​ဆို​လျှင်​သင် တို့​နှင့်​အ​ဘယ်​ကြောင့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ် ချုပ်​ဆို​မည်​နည်း'' ဟု​ဆို​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ