Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 23:12

Common Language Bible

``သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​ကို လုပ်​၍ သတ္တ​မ​နေ့​တွင်​နား​နေ​ရ​မည်။ ထို​သို့​ပြု လျှင် သင်​၏​ကျွန်​များ၊ သင်​ခိုင်း​စေ​သော​အ​ခြား အ​မျိုး​သား​များ​နှင့်​တိ​ရစ္ဆာန်​များ​သည် အ​လုပ် မှ​နား​ခွင့်​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​တု​ရု​မြို့ သား​အ​ချို့​တို့​သည်​ငါး​နှင့်​အ​ခြား​ပစ္စည်း အ​မျိုး​မျိုး​ကို ငါ​တို့​အ​မျိုး​သား​များ​အား ဥ​ပုသ်​နေ့​တွင်​ရောင်း​ချ​ရန်​ယူ​ဆောင်​လာ ကြ​၏။-

မော​ရှေ​က``နက်​ဖြန်​နေ့​သည်​သင်​တို့​အ​လုပ် မှ​ရပ်​နား​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​တွက် ဆက်​ကပ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သည်။ ယ​နေ့ တွင်​မုန့်​ဖုတ်​စ​ရာ​ရှိ​သည်​ကို​ဖုတ်​လော့။ ချက် ပြုတ်​စ​ရာ​ရှိ​သည်​ကို​ချက်​ပြုတ်​လော့။ ယ​နေ့ စား​ပြီး​နောက်​ကျန်​ရှိ​သ​မျှ​ကို​နက်​ဖြန်​နေ့ အ​တွက်​ချန်​ထား​လော့။ ဤ​သို့​ပြု​လုပ်​ရန် ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​သည်'' ဟု ဆို​လေ​၏။-

သို့​ရာ​တွင်​သတ္တ​မ​နှစ်​၌​ထွန်​ယက်​စိုက်​ပျိုး​ခြင်း မ​ပြု​ဘဲ မြေ​ကို​အ​လွတ်​ထား​၍​ထို​မြေ​ပေါ် တွင်​ပေါက်​သ​မျှ​သီး​နှံ​ကို​မ​ရိတ်​သိမ်း​ရ။ ဆင်း​ရဲ သူ​တို့​အား​ထို​မြေ​မှ​ထွက်​သော​သီး​နှံ​ကို​စား စေ​၍ ကြွင်း​ကျန်​သ​မျှ​ကို​တော​တိ​ရစ္ဆာန်​များ အ​တွက်​ဖြစ်​စေ​ရ​မည်။ သင်​တို့​၏​စ​ပျစ်​ခြံ၊ သံ​လွင်​ခြံ​တို့​ကို​လည်း​ထို​နည်း​အ​တိုင်း ပြု​လုပ်​ရ​မည်။

``သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ် လုပ်​ရ​မည်။ သို့​ရာ​တွင်​သတ္တ​မ​နေ့​၌​အ​လုပ် မ​လုပ်​ရ။

သင်​တို့​သည်​ရက်​သတ္တ​တစ်​ပတ်​တွင်​ခြောက်​ရက် အ​လုပ်​လုပ်​နိုင်​၏။ သို့​ရာ​တွင်​သတ္တ​မ​နေ့​သည်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဆက်​ကပ်​သော၊ ထူး​မြတ်​သည့်​နား​ရက်​ဖြစ်​ရ​မည်။ ထို့​နေ့​တွင် အ​လုပ်​လုပ်​သော​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ မည်။-

ဥ​ပုသ်​နေ့​တွင်​သင်​တို့​၏​နေ​အိမ်​များ​၌​မီး​ကို ပင်​မ​မွေး​ရ'' ဟု​ဆင့်​ဆို​၏။

သူ​တို့​က``အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မြင်​တော်​မ မူ​လျှင် ငါ​တို့​အ​ဘယ်​ကြောင့်​အ​စာ​ရှောင် ကြ​ပါ​တော့​မည်​နည်း။ ကိုယ်​တော်​သည်​ငါ​တို့ နှိမ့်​ချ​သည်​ကို​မြင်​တော်​မ​မူ​လျှင် အ​ဘယ် ကြောင့်​ငါ​တို့​ဒုက္ခ​ခံ​ကြ​ပါ​မည်​နည်း'' ဟု ဆို​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့​အား``အ​ဖြစ်​မှန် မှာ​သင်​တို့​သည်​အ​စာ​ရှောင်​လျက်​နေ​စဉ်​၌ ပင်​ကိုယ်​ကျိုး​ရှာ​လျက် မိ​မိ​တို့​ငယ်​သား များ​ကို​လည်း​နှိပ်​စက်​ညှင်း​ဆဲ​ကြ​၏။-

သင်​တို့​သည်​ခြောက်​ရက်​အ​လုပ်​လုပ်​၍ ဥ​ပုသ် နေ့​ဖြစ်​သော​သတ္တ​မ​နေ့​တွင်​အ​လုပ်​မှ​နား ရ​မည်။ ထို​နေ့​၌​အ​လုပ်​မ​လုပ်​ဘဲ​စု​ဝေး ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်။ သင်​တို့​နေ​ထိုင်​ရာ မည်​သည့်​အ​ရပ်​၌​မ​ဆို​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း လော့။-

ထို​နောက်​ကိုယ်​တော်​က ``လူ​၏​အ​ကျိုး​ငှာ​ဥ​ပုသ် နေ့​ကို​ပြ​ဋ္ဌာန်း​ထား​၏။ ဥ​ပုသ်​နေ့​၏​အ​ကျိုး​ငှာ လူ​ကို​ဖန်​ဆင်း​ထား​သည်​မ​ဟုတ်။-

ထို​အ​ခါ​ယင်း​သို့​ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ​ကို သ​ခင်​ယေ​ရှု​ပျောက်​ကင်း​စေ​တော်​မူ​သ​ဖြင့် တ​ရား ဇ​ရပ်​မှူး​သည်​စိတ်​ဆိုး​လျက် ``အ​လုပ်​လုပ်​အပ် သော​ရက်​ခြောက်​ရက်​ရှိ​၏။ ထို​ရက်​များ​တွင်​လာ​၍ ရော​ဂါ​ပျောက်​အောင်​အ​ကု​ခံ​ကြ​လော့။ ဥ​ပုသ် နေ့​၌​မူ​ကား​လာ​၍​အ​ကု​မ​ခံ​ကြ​နှင့်'' ဟု​လူ ပ​ရိ​သတ်​တို့​အား​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ