Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 22:9

Common Language Bible

``သိုး၊ နွား၊ မြည်း၊ အ​ဝတ်​အ​စ​ရှိ​သော​ပျောက် ဆုံး​သည့်​ပစ္စည်း​ကို​ပိုင်​ဆိုင်​မှု​နှင့်​ပတ်​သက်​၍ လူ​နှစ်​ဦး​အ​ငြင်း​ပွား​ခဲ့​သည်​ရှိ​သော်၊ ထို​သူ နှစ်​ဦး​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ အ​စစ်​ခံ​၍၊ တ​ရား​ရှုံး​သူ​က​နှစ်​ဆ​လျော် ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သိုး​တစ်​ကောင်​ကို​တော​သား​ရဲ​က​ကိုက်​သတ် လျှင် ကျွန်ုပ်​သာ​လျှင်​အ​မြဲ​အ​စား​ထိုး​ပေး ပါ​သည်။ သိုး​သေ​ရ​ခြင်း​မှာ​ကျွန်ုပ်​၏​တာ​ဝန် မ​ရှိ​ကြောင်း​သက်​သေ​ထူ​ရန်​ထို​အ​သေ​ကောင် ကို​သင့်​ထံ​သို့​မ​ယူ​ဆောင်​ခဲ့​ပါ။ နေ့​အ​ချိန် ၌​ဖြစ်​စေ၊ ည​အချိန်​၌​ဖြစ်​စေ​တိ​ရစ္ဆာန်​အ​ခိုး ခံ​ရ​လျှင်​သင်​သည်​ကျွန်ုပ်​အား​ထို​တိ​ရစ္ဆာန် အ​တွက်​အ​စား​ပေး​လျော်​စေ​၏။-

``လူ​တစ်​ယောက်​သည် အ​ခြား​သူ​တစ်​ယောက်​အား ပြစ်​မှား​မှု​နှင့်​စွပ်​စွဲ​ခြင်း​ခံ​ရ​သ​ဖြင့် မိ​မိ​တွင် အ​ပြစ်​မ​ရှိ​ကြောင်း​ဤ​ဗိ​မာန်​တော်​ရှိ​ကိုယ်​တော် ၏​ယဇ်​ပလ္လင်​တော်​ရှေ့​၌​ကျမ်း​ကျိန်​သော​အ​ခါ၊-

အ​ခြား​မြို့​များ​တွင်​နေ​ထိုင်​သော​အ​မျိုး​သား ချင်း​တို့​သည်​လူ​သတ်​မှု​ကို​ဖြစ်​စေ၊ တ​ရား ဥ​ပ​ဒေ​သို့​မ​ဟုတ်​ပ​ညတ်​တော်​ကို​လွန်​ကူး မှု​ကို​ဖြစ်​စေ​သင်​တို့​ထံ​သို့​ယူ​ဆောင်​လာ​သည့် အ​ခါ​တိုင်း သူ​တို့​သည်​တ​ရား​စီ​ရင်​ရာ​တွင် ထာ​ဝရ​ဘု​ရား​အား​မ​ပြစ်​မှား​မိ​စေ​ရန်​သင် တို့​က​သေ​ချာ​စွာ​ညွှန်​ကြား​ရ​ကြ​မည်။ ယင်း သို့​မ​ပြု​ပါ​မူ​သင်​တို့​နှင့်​သူ​တို့​၏​အ​ပေါ်​သို့ ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော်​သက်​ရောက် လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့ တာ​ဝန်​ရှိ​သည်​အ​တိုင်း​ဆောင်​ရွက်​ကြ​လျှင် မူ​ကား​အ​ပြစ်​လွှတ်​ကြ​လိမ့်​မည်။-

``လူ​တစ်​ဦး​က သိုး၊ နွား၊ မြည်း​အ​စ​ရှိ​သော တိ​ရစ္ဆာန်​တစ်​ကောင်​ကို​တစ်​စုံ​တစ်​ယောက်​သော သူ​ထံ​၌​အပ်​နှံ​ထား​သော​အ​ခါ၊ ထို​တိ​ရစ္ဆာန် သေ​လျှင်​ဖြစ်​စေ၊ ထိ​ခိုက်​ဒဏ်​ရာ​ရ​လျှင်​ဖြစ် စေ၊ လု​ယူ​သွား​ခြင်း​ခံ​ရ​လျှင်​ဖြစ်​စေ သက်​သေ​မ​ရှိ​ခဲ့​သော်၊-

``သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြော ဆို​ခြင်း​မ​ပြု​ရ။ သင်​တို့​၏​လူ​မျိုး​ခေါင်း​ဆောင် ကို​မ​ကျိန်​ဆဲ​ရ။

``သင်​၏​ညီ​အစ်​ကို​သည်​သင့်​ကို​ပြစ်​မှား​လျှင်​သူ့ အ​ပြစ်​ကို​ဖော်​ပြ​ရန်​သူ့​ထံ​သို့​သွား​လော့။ သို့​ရာ တွင်​သင်​တို့​နှစ်​ယောက်​တည်း​သာ​တွေ့​ဆုံ​၍​ပြော ဆို​လော့။ သင်​၏​စ​ကား​ကို​နား​ထောင်​လျှင်​ထို ညီ​အစ်​ကို​နှင့်​သင်​သည်​ပြန်​၍​သင့်​မြတ်​သွား လေ​ပြီ။-

ထို​နောက်​သ​ခင်​ယေ​ရှု​က​သင်​တို့​သည်​ညီ​အစ်​ကို အ​ချင်း​ချင်း​တစ်​ယောက်​၏​အ​ပြစ်​ကို​တစ်​ယောက် အ​မှန်​တ​ကယ်​မ​ဖြေ​မ​လွှတ်​လျှင် ကောင်း​ကင်​ဘုံ ရှင်​ငါ​၏​အ​ဖ​သည်​လည်း​သင်​တို့​၏​အ​ပြစ်​ကို ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​၏။

``အ​ကယ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​နှစ်​ဦး သည်​ရုံး​တွင် တ​ရား​ဆိုင်​ကြ​ရာ​၌​တစ်​ဦး​သည် အ​ပြစ်​မ​ရှိ၊ အ​ခြား​တစ်​ဦး​သည်​အ​ပြစ်​ရှိ သည်​ဟူ​၍​စီ​ရင်​သော​အ​ခါ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ