ထွက်မြောက် 22:2Common Language Bibleသူသည်ခိုးသည့်တိရစ္ဆာန်အတွက်လျော်ရ မည်။ သူ၌လျော်စရာမရှိလျှင်မိမိကိုယ်ကို ရောင်း၍လျော်ကြေးပေးရမည်။ ခိုးရာပါသိုး၊ နွား၊ မြည်းကိုသူ့ထံ၌အရှင်တွေ့ရလျှင်သူ သည်နှစ်ဆပြန်လျော်ရမည်။ ``အိမ်ကိုညအချိန်ဖောက်ထွင်းနေသောသူခိုး ကိုသတ်သောသူသည် လူသတ်မှုကိုကူးလွန် ရာမရောက်ချေ။ သို့ရာတွင်နေ့အချိန်၌ဖောက် ထွင်းမှုကြောင့်သူခိုးကိုသတ်လျှင် သတ်သော သူသည်လူသတ်မှုကိုကူးလွန်၏။ အခန်းကိုကြည့်ပါ။ |
ငါ၏လူတို့အားတစ်ဖန်ကြီးပွားလာစေ၍ ``ဣသရေလပြည်သားတို့၏ရောဂါကိုပျောက် ကင်းစေလိုသည့်အခါတိုင်း ငါသည်သူတို့၏ ဆိုးယုတ်မှုနှင့်အပြစ်ဒုစရိုက်ကိုသာတွေ့ နေရ၏။ သူတို့သည်အချင်းချင်းလိမ်လည် လှည့်ဖြားကြ၏။ အိမ်များထဲသို့ဖောက်ထွင်း ဝင်ရောက်၍ဥစ္စာပစ္စည်းများကိုခိုးယူကြ၏။ လမ်းသွားလမ်းလာများကိုလုယက်ကြ၏။-