Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 20:18

Common Language Bible

လူ​အ​ပေါင်း​တို့​သည်​မိုး​ချုန်း​သံ၊ တံ​ပိုး​မှုတ်​သံ နှင့်​လျှပ်​စစ်​ပြက်​ခြင်း၊ တောင်​မှ​မီး​ခိုး​ထွက်​ခြင်း တို့​ကို​ကြား​ရ​မြင်​ရ​သော​အ​ခါ ကြောက်​ရွံ့ တုန်​လှုပ်​လျက်​အ​ဝေး​၌​ရပ်​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

နေ​ဝင်​၍​မှောင်​ကျ​လာ​သော​အ​ခါ​မီး​ခိုး​ထွက် သော​မီး​လင်း​ဖို​နှင့်​မီး​လျှံ​တောက်​သော​မီး​တိုင် သည် ရုတ်​တ​ရက်​ပေါ်​လာ​ပြီး​လျှင်​အ​သား​ခြမ်း များ​အ​ကြား​ဖြတ်​သွား​၏။-

ထို​အ​ခါ​လူ​ယောကျာ်း​က``ကိုယ်​တော်​ဥ​ယျာဉ်​ထဲ ၌​ကြွ​လာ​တော်​မူ​သော​အ​သံ​ကို​ကြား​ရ​၍ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​ကြောင့်​ကြောက် ၍​ပုန်း​နေ​ပါ​သည်'' ဟု​လျှောက်​လေ​၏။

သင်​တို့​သည်​ဒုက္ခ​ရောက်​စဉ်​အ​ခါ​၌ ငါ့​ကို​အော်​ဟစ်​သော​အ​ခါ ငါ​သည်​သင်​တို့​အား​ကယ်​ခဲ့​၏။ မိုး​သက်​မုန်​တိုင်း​အ​တွင်း​မ​မြင်​နိုင်​သော​အ​ရပ် မှ​နေ​၍ သင်​တို့​အား​ငါ​ဖြေ​ကြား​ခဲ့​၏။ မေ​ရိ​ဘ​စမ်း​ရေ​အ​နီး​တွင်​သင်​တို့​အား​ငါ သွေး​စမ်း​ခဲ့​၏။

``ငါ​သည်​အ​နီး​၌​သာ​ရှိ​သည်​မ​ဟုတ်။ အ​ရပ် တ​ကာ​တွင်​ရှိ​တော်​မူ​သော​ဘု​ရား​ဖြစ်​ပေ သည်။-''

``သင်​တို့​သည်​သိ​နာ​တောင်​တွင်​စု​ရုံး​ရောက် ရှိ​သော​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​သံ ကို​နောက်​တစ်​ဖန်​မ​ကြား​ပါ​ရ​စေ​နှင့်။ မီး​လျှံ ကြီး​ကို​လည်း နောက်​တစ်​ဖန်​မ​မြင်​ပါ​ရ​စေ နှင့်​ဟူ​၍​တောင်း​ပန်​ခဲ့​ကြ​၏။ ကိုယ်​တော်​၏ အ​သံ​တော်​နှင့်​မီး​လျှံ​ကို​ကြား​ရ​မြင်​ရ လျှင် သင်​တို့​သေ​မည်​ကို​စိုး​ရိမ်​သော​ကြောင့် ယင်း​သို့​တောင်း​ပန်​ခြင်း​ဖြစ်​၏။-

ကိုယ်​တော်​သည်​သင်​တို့​အား​သွန်​သင်​ရန် မိုး ကောင်း​ကင်​မှ​မိန့်​တော်​မူ​သော​အ​သံ​တော်​ကို ကြား​စေ​တော်​မူ​ပြီ။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် သင်​တို့​သည် ကိုယ်​တော်​၏​မီး​တောက်​မီး​လျှံ ကို​မြင်​စေ​လျက် ထို​မီး​ထဲ​မှ​သင်​တို့​အား မိန့်​ကြား​တော်​မူ​၏။-

``တောင်​တစ်​ခု​လုံး​မီး​တောက်​၍​အ​မှောင်​ထု ထဲ​မှ​ဗျာ​ဒိတ်​တော်​သံ​ကို​သင်​တို့​ကြား​ရ သော​အ​ခါ သင်​တို့​၏​ခေါင်း​ဆောင်​များ​နှင့် အ​နွယ်​အ​ကြီး​အ​ကဲ​တို့​သည်​ငါ့​ထံ​သို့ ချဉ်း​ကပ်​၍၊-

သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​ကြောင့် အ​ရဲ​စွန့်​၍​အ​သေ​ခံ​ရ​မည်​နည်း။ ထို​ကြောက် မက်​ဖွယ်​မီး​ကြီး​ကြောင့် အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ဆုံး​ရှုံး​ရ​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​သံ​တော်​ကို​ထပ်​၍​ကြား​ရ​လျှင်​အ​ကျွန်ုပ် တို့​သေ​ရ​ပါ​လိမ့်​မည်။-

ကိုယ်​တော်​သာ​ချဉ်း​ကပ်​၍​အ​ကျွန်ုပ်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သ​မျှ ကို​ကြား​နာ​ပြီး​လျှင် အ​ကျွန်ုပ်​တို့​အား​ဆင့် ဆို​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​အ​မိန့်​တော် ကို​နာ​ခံ​ပါ​မည်' ဟု​လျှောက်​ထား​ကြ​၏။

သင်​တို့​သည်​မီး​ကို​ကြောက်​ရွံ့​သ​ဖြင့်​တောင် ပေါ်​သို့​မ​တက်​ဝံ့​သော​ကြောင့် ငါ​သည်​ထာ​ဝ​ရ ဘု​ရား​နှင့်​သင်​တို့​စပ်​ကြား​တွင်​ရပ်​လျက် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​သင်​တို့ အား​ဆင့်​ဆို​ခဲ့​၏။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ