ထွက်မြောက် 20:1Common Language Bibleဘုရားသခင်က``ငါသည်သင်တို့အားကျွန် ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင် တို့၏ဘုရားသခင်ထာဝရဘုရားဖြစ် တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သူသည်တောကန္တာရ၌စုဝေးလျက်ရှိသော ဣသရေလအမျိုးသားတို့နှင့်လည်းကောင်း၊ ငါတို့ဘိုးဘေးများနှင့်လည်းကောင်း၊ သိနာ တောင်ပေါ်တွင်မိမိအားဗျာဒိတ်ပေးသည့် ကောင်းကင်တမန်နှင့်လည်းကောင်းအတူရှိ နေခဲ့သူဖြစ်၏။ ငါတို့အားဆင့်ဆိုရန် ဘုရားသခင်ထံတော်မှ အသက်ရှင်စေ သောဗျာဒိတ်တော်ကိုခံယူရရှိသူလည်း ဖြစ်၏။
ထို့နောက်ထာဝရဘုရားသည် သင်တို့တောင် ခြေတွင်စုရုံးသောနေ့က မီးထဲမှသင်တို့အား မိန့်တော်မူသောပညတ်တော်ဆယ်ပါးကို ယခင် ကျောက်ပြားများပေါ်တွင်ရေးသားတော်မူ သည်အတိုင်း ထိုကျောက်ပြားများပေါ်တွင် ရေးသားတော်မူ၏။ ထာဝရဘုရားသည် ထို ကျောက်ပြားများကိုငါ့အားပေးတော်မူ၏။-
``ထာဝရဘုရားသည်တောင်အနီးသို့စုရုံး လာသောသင်တို့အပေါင်းအား ဤပညတ်တော် များကိုပြဋ္ဌာန်းပေးတော်မူ၏။ ထာဝရဘုရား သည်မီးနှင့်မှောင်မည်းသောမိုးတိမ်ထဲမှကျယ် သောအသံတော်ဖြင့် ဤပညတ်တော်များကိုမိန့် မြွက်တော်မူ၏။ ထပ်၍မိန့်မြွက်တော်မမူ။ ထို့ နောက်ထာဝရဘုရားသည်ပညတ်တော်များ ကိုကျောက်ပြားနှစ်ချပ်ပေါ်တွင်ရေး၍ငါ့ အားပေးအပ်တော်မူသည်။''