Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 19:21

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​က​မောရှေ​အား``သင်​သည် တောင်​အောက်​သို့​ဆင်း​၍၊ လူ​တို့​ငါ့​ကို​ဖူး မြင်​ရန်​သတ်​မှတ်​ထား​သော​စည်း​ကို​ကျော် ဖြတ်​၍​မ​လာ​ရန်​သ​တိ​ပေး​လော့။ ဖြတ် ကျော်​လျှင်​လူ​အ​များ​သေ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​သူ​က``ငါ​သည်​အ​နီး​သို့​ချဉ်း​ကပ် ၍ ထို​ထူး​ဆန်း​သော​ရူ​ပါ​ရုံ​ကို​ကြည့်​ဦး​မည်'' ဟု​အ​ကြံ​ရှိ​လေ​၏။

ဘု​ရား​သ​ခင်​က``အ​နီး​သို့​မ​ချဉ်း​ကပ်​နှင့်။ သင်​သည်​သန့်​ရှင်း​သော​မြေ​ပေါ်​တွင်​ရပ်​နေ သည်​ဖြစ်​၍ ခြေ​နင်း​ကို​ချွတ်​လော့။-

ငါ့​ကို​မြင်​သော​သူ​သည်​အ​သက်​မ​ရှင်​နိုင် သော​ကြောင့်၊ သင့်​အား​ငါ​၏​မျက်​နှာ​ကို​ဖူး မြင်​ခွင့်​မ​ပေး။-

ဘုရားသခင့်အိမ်တော်သို့ သွားသောအခါ၊ သင့်ခြေတို့ကို စောင့်လော့။ လူမိုက်ပြုသော ယဇ်ပူဇော် ခြင်းအမှုထက်၊ တရားနာခြင်းအမှုကိုသာ၍ ကြိုးစား လော့။ လူမိုက်တို့သည် ကိုယ်အပြစ် ကိုမဆင်ခြင်တတ် ကြ။

စခန်း​သိမ်း​ချိန်​ရောက်​၍​အာ​ရုန်​နှင့်​သူ​၏​သား များ​က သန့်​ရှင်း​သော​အ​သုံး​အ​ဆောင်​ပစ္စည်း အား​လုံး​တို့​ကို​ဖုံး​အုပ်​ပြီး​မှ​သာ​လျှင် ကော ဟတ်​၏​သား​ချင်း​စု​တို့​သည်​လာ​၍​ထို​ပစ္စည်း များ​ကို​ထမ်း​ရ​ကြ​မည်။ ကော​ဟတ်​၏​သား ချင်း​စု​တို့​သည်​ထို​ပစ္စည်း​များ​ကို​လက်​နှင့် မ​ထိ​ရ။ ထိ​မိ​လျှင်​အ​သက်​သေ​ဆုံး​ရ ကြ​မည်။ တဲ​တော်​ကို​ပြောင်း​ရွှေ့​သည့်​အ​ခါ​တိုင်း ကော​ဟတ်​၏​သား​ချင်း​စု​တို့​သည်​အ​ဆို ပါ​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​ကြ​ရ​မည်။

``ကော​ဟတ်​၏​သား​ချင်း​စု​တို့​ကို​အ​လွန်​သန့်​ရှင်း သော​ပစ္စည်း​များ​အ​နီး​သို့​မ​ချဉ်း​ကပ်​စေ​နှင့်။ ထို အ​ဖြစ်​မျိုး​မ​ဆိုက်​ရောက်​စေ​ရန်​အာ​ရုန်​နှင့်​သူ ၏​သား​တို့​သည်​တဲ​တော်​ထဲ​သို့​ဝင်​၍​လူ​အ​သီး သီး​ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​နှင့်​ထမ်း​ရ​မည့် ဝန်​တို့​ကို​ခန့်​ခွဲ​ပေး​ရ​မည်။-

ကော​ဟတ်​၏​သား​ချင်း​စု​တို့​သည်​တဲတော်​ထဲ သို့​ဝင်​၍​သန့်​ရှင်း​သော​ပစ္စည်း​များ​ကို​ခေတ္တ မျှ​ကြည့်​မိ​လျှင်​အ​သက်​သေ​ဆုံး​ရ​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။

သင်​တို့​သည်​မီး​ကို​ကြောက်​ရွံ့​သ​ဖြင့်​တောင် ပေါ်​သို့​မ​တက်​ဝံ့​သော​ကြောင့် ငါ​သည်​ထာ​ဝ​ရ ဘု​ရား​နှင့်​သင်​တို့​စပ်​ကြား​တွင်​ရပ်​လျက် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​သင်​တို့ အား​ဆင့်​ဆို​ခဲ့​၏။''

ဗက်​ရှေ​မက်​မြို့​သား​ခု​နစ်​ဆယ်​တို့​သည် ပ​ဋိ ညာဉ်​သေတ္တာ​တော်​ထဲ​သို့​ကြည့်​မိ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​သေ​ဒဏ် ခတ်​တော်​မူ​၏။ မြို့​သား​တို့​သည်​မိ​မိ​တို့ အ​ထဲ​မှ​လူ​မြောက်​မြား​စွာ​ကို ထာ​ဝ​ရ ဘု​ရား​သေ​ဒဏ်​ခတ်​တော်​မူ​သော​ကြောင့် ငို​ကြွေး​မြည်​တမ်း​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ