ထွက်မြောက် 19:16Common Language Bibleတတိယနေ့တွင်တောင်ပေါ်၌မိုးချုန်း၍ လျှပ်စီးလက်ပြီးလျှင်ထူထပ်သောမိုးတိမ် ကျရောက်လေသည်။ အလွန်ကျယ်လောင်သော တံပိုးမှုတ်သံလည်းထွက်ပေါ်လာ၏။ ထို အခါစခန်းထဲရှိလူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြ၏။- အခန်းကိုကြည့်ပါ။ |
ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည်အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ်ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ်နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့်အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ်မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထနိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည်ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော်မလွန်နိုင်။-
ထာဝရဘုရားသည်အလွယ်တကူ အမျက်ထွက်တော်မမူတတ်။ သို့ရာတွင်ကိုယ်တော်သည်တန်ခိုးကြီး တော်မူ၍၊ အပြစ်ရှိသူတို့ကိုအပြစ်ဒဏ်မခတ်ဘဲ အဘယ်အခါ၌မျှထားတော်မမူပါ။ ကိုယ်တော်လျှောက်သွားရာအရပ်တို့၌ လေမုန်တိုင်းများကျရောက်တတ်၏။ မိုးတိမ်များကားကိုယ်တော်၏ရွှေစက်တော် အောက်မှ ထသည့်မြေမှုန့်များပင်တည်း။