Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 19:12

Common Language Bible

သင်​သည်​တောင်​၏​ပတ်​လည်​တွင်​လူ​တို့​ကို မ​ကျော်​ဖြတ်​စေ​ရန်​စည်း​သတ်​မှတ်​၍၊ သူ​တို့ အား​တောင်​ပေါ်​သို့​မ​တက်​ရန်​နှင့်​တောင်​အ​နီး သို့​မ​ချဉ်း​ကပ်​ရန်​ပ​ညတ်​လော့။ တောင်​ကို နင်း​မိ​သော​သူ​အား​သေ​ဒဏ်​ခံ​စေ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဘု​ရင်​က​မော​ရှေ​အား``ငါ့​ထံ​မှ​ထွက်​သွား လော့။ သင့်​မျက်​နှာ​ကို​ငါ​နောက်​တစ်​ဖန်​မ​တွေ့ လို။ အ​ကယ်​၍​တွေ့​ခဲ့​လျှင်​သင်​သေ​ရ​မည်'' ဟု​ဆို​လေ​၏။

ထာ​ဝ​ရ​ဘု​ရား​က​မောရှေ​အား``သင်​သည် တောင်​အောက်​သို့​ဆင်း​၍၊ လူ​တို့​ငါ့​ကို​ဖူး မြင်​ရန်​သတ်​မှတ်​ထား​သော​စည်း​ကို​ကျော် ဖြတ်​၍​မ​လာ​ရန်​သ​တိ​ပေး​လော့။ ဖြတ် ကျော်​လျှင်​လူ​အ​များ​သေ​ကြ​လိမ့်​မည်။-

ထို​အ​ခါ​မော​ရှေ​က ထာ​ဝ​ရ​ဘု​ရား​အား``ကိုယ် တော်​သည်​တောင်​ကို​သန့်​ရှင်း​ရာ​ဌာ​န​အ​ဖြစ် သတ်​မှတ်​၍ ပတ်​လည်​တွင်​စည်း​တား​ထား​စေ သော​ကြောင့်​လူ​တို့​သည်​တောင်​ပေါ်​သို့​မ​တက် နိုင်​ကြ​ပါ'' ဟု​လျှောက်​ထား​လေ​၏။

သင်​တစ်​ယောက်​တည်း​သာ​ငါ့​အ​နီး​သို့​ချဉ်း​ကပ် ရ​မည်။ အ​ခြား​သော​သူ​တို့​သည်​ငါ့​အ​နီး​သို့ မ​ချဉ်း​ကပ်​စေ​ရ။ လူ​ထု​မူ​ကား​တောင်​ပေါ်​သို့ မ​တက်​ရ'' ဟု​မိန့်​တော်​မူ​၏။

သင်​တို့​ဝင်​ရောက်​တိုက်​ခိုက်​မည့်​ပြည်​သား​တို့ နှင့်​မ​ဟာ​မိတ်​မ​ဖွဲ့​ရန်​သ​တိ​ပြု​လော့။ ထို သို့​ပြု​လုပ်​လျှင် သင်​တို့​သည်​သူ​တို့​၏ ထောင်​ချောက်​တွင်း​သို့​ကျ​လိမ့်​မည်။-

သင်​နှင့်​အ​တူ​မည်​သူ​မျှ​တောင်​ပေါ်​သို့ မ​တက်​ရ။ တစ်​တောင်​လုံး​တွင်​လူ​မ​ရှိ​စေ ရ။ တောင်​ခြေ​၌​သိုး​နွား​များ​ကို​မ ကျောင်း​ရ'' ဟု​မိန့်​တော်​မူ​၏။-

ထို့​နောက်​ကိုယ်​တော်​သည် ငါ​မှ​တစ်​ဆင့်​သင်​တို့ အား​ဆင့်​ဆို​သည်​မှာ`သင်​တို့​သည်​သင်​တို့​၏ ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော ဧ​သော​၏ အ​ဆက်​အ​နွယ်​များ​နေ​ထိုင်​ရာ​ဧဒုံ​ပြည်​ကို ဖြတ်​သန်း​သွား​ရ​တော့​မည်။ သူ​တို့​သည်​သင် တို့​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့ ၏​မြေ​တစ်​လက်​မ​ကို​မျှ​သင်​တို့​အား​ပေး မည်​မ​ဟုတ်​သော​ကြောင့်၊-

သင်​တို့​သည်​သ​တိ​ရှိ​ကြ​လော့။ သင်​တို့​ကိုယ် တိုင်​မြင်​ခဲ့​သ​မျှ​တို့​ကို တစ်​သက်​လုံး​မ​မေ့ စေ​ရန်​သ​တိ​ပြု​ကြ​လော့။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကဲ့​သို့​သင်​တို့ သည်​လက်​နှင့်​စမ်း​သပ်​နိုင်​သော​သိ​နာ​တောင် သို့​ရောက်​ရှိ​နေ​ကြ​သည်​မ​ဟုတ်။ ထို​တောင် သည်​မီး​တောက်​မီး​လျှံ​ထ​၍​မဲ​မှောင်​ညို​မှိုင်း ကာ​မုန်​တိုင်း​ကျ​လျက် တံ​ပိုး​ခ​ရာ​မှုတ်​သံ နှင့်​ဗျာ​ဒိတ်​တော်​အ​သံ​ထွက်​ပေါ်​လာ​သည့် တောင်​ဖြစ်​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို​နောက်​တစ်​ဖန်​မ​ကြား ရ​စေ​ရန်​မော​ရှေ​အား​တောင်း​ပန်​ကြ​၏။-

သင်​တို့​သည်​ဤ​လမ်း​ကို​တစ်​ခါ​မျှ​မ​သွား ဘူး​သ​ဖြင့် သူ​တို့​က​လမ်း​ပြ​လိမ့်​မည်။ သို့ ရာ​တွင်​သင်​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် အ​နီး​သို့​မ​ချဉ်း​ကပ်​ရ။ သေတ္တာ​တော်​နောက် မှ​မိုင်​ဝက်​ခန့်​ခွာ​၍​လိုက်​ရ​ကြ​မည်'' ဟု လူ​အ​ပေါင်း​တို့​အား​မှာ​ကြား​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ