ထွက်မြောက် 18:7Common Language Bibleသို့ဖြစ်၍မောရှေသည်ထွက်လာ၍ယောက္ခမ ကိုဦးညွှတ်လျက်နမ်းရှုပ်ကြိုဆိုလေ၏။ သူ တို့အချင်းချင်းနှုတ်ခွန်းဆက်ကြပြီး နောက်မောရှေ၏တဲထဲသို့ဝင်ကြ၏။- အခန်းကိုကြည့်ပါ။ |
ဗာသရှေဘသည်အဒေါနိယအတွက် လျှောက်ထားရန် မင်းကြီးထံသို့သွားလေ၏။ မင်းကြီးသည်လည်းမယ်တော်ကိုခရီးဦး ကြိုပြုအံ့သောငှာ ထ၍ဦးညွှတ်ပြီးလျှင် ရာဇပလ္လင်ပေါ်တွင်ထိုင်တော်မူ၏။ ထို့နောက် အခြားပလ္လင်တစ်ခုခုကိုယူခဲ့စေ၍ မယ် တော်အားမိမိ၏လက်ယာဘက်တွင်ထိုင်စေ တော်မူ၏။-
ဣသရေလအမျိုးသားများစခန်းချ သည့်အခါတိုင်း၊ မောရှေသည်တဲတော်ကို စခန်းအပြင်ဘက်ခပ်လှမ်းလှမ်းအကွာ နေရာတွင်ဆောက်လေ့ရှိ၏။ တဲတော်ကို ထာဝရဘုရားစံတော်မူရာတဲတော် ဟူ၍နာမည်မှည့်ခေါ်၏။ ထာဝရဘုရား ၏အလိုတော်ကိုသိလိုသူသည် ထာဝရ ဘုရားစံတော်မူရာတဲတော်သို့သွား ရသည်။-
ထိုရောမမြို့ရှိယုံကြည်သူများသည် ကျွန်ုပ် တို့လာသည့်အကြောင်းကိုကြားသိကြသဖြင့် အပ္ပိစျေးသို့တိုင်အောင်လည်းကောင်း၊ တည်းခို ရိပ်သာသုံးဆောင်သို့တိုင်အောင်လည်းကောင်း လာရောက်ကြိုဆိုကြ၏။ ပေါလုသည်ထိုသူ တို့ကိုမြင်သောအခါ ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်း၍အားတက်လာ၏။