Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 18:14

Common Language Bible

လူ​တို့​အ​တွက်​မော​ရှေ​ဆောင်​ရွက်​ရ​သ​မျှ​ကို ယေ​သ​ရော​မြင်​ရ​သော​အ​ခါ​မော​ရှေ​အား``သင် သည်​ဤ​လူ​တို့​အ​တွက်​မည်​သည့်​အ​မှု​ကိစ္စ​ကို ဆောင်​ရွက်​ပေး​နေ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် တစ်​ယောက်​တည်း​ဆောင်​ရွက်​နေ​ပါ​သ​နည်း။ လူ အ​ပေါင်း​တို့​သည်​သင့်​ထံ​၌​တစ်​နေ​ကုန်​ရပ် လျက်​စောင့်​နေ​ကြ​ပါ​သည်​တ​ကား'' ဟု​ဆို လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​နံ​နက်​စော​စော​ထ​ပြီး​လျှင်​မြို့​တံ​ခါး ဝ​လမ်း​နံ​ဘေး​တွင်​ရပ်​လျက်​နေ​တတ်​၏။ ဘု​ရင် ၏​အ​ဆုံး​အ​ဖြတ်​ကို​ခံ​ရန်​အ​မှု​သည်​တစ်​စုံ တစ်​ယောက်​ရောက်​ရှိ​လာ​သော​အ​ခါ​သူ့​ကို​ခေါ် ၍``သင်​သည်​အ​ဘယ်​အ​ရပ်​က​လာ​သနည်း'' ဟု မေး​လေ့​ရှိ​၏။ အ​မှု​သည်​က``အ​ရှင်​အ​ကျွန်ုပ် သည်​ဤ​မည်​သော​ဣ​သ​ရေ​လ​အ​နွယ်​မှ​ဖြစ် ပါ​သည်'' ဟု​ဆို​လျှင်၊-

နောက်​တစ်​နေ့​တွင်​မော​ရှေ​သည်​လူ​တို့​၏ အ​မှု​အ​ခင်း​များ​ကို နံ​နက်​ချိန်​မှ​စ​၍ မိုး​ချုပ်​သည့်​တိုင်​အောင်​စီ​ရင်​ရ​သည်။-

မော​ရှေ​က``သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ကို​သိ​လို​၍ ကျွန်ုပ်​ထံ​သို့​လာ ကြ​ပါ​၏။-

ထို​သူ​တို့​သည်​လူ​များ​ကို​တ​ရား​စီ​ရင်​ရန် အ​မြဲ​တမ်း​တ​ရား​သူ​ကြီး​များ​အ​ဖြစ် ဆောင်​ရွက်​ရ​သည်။ သူ​တို့​သည်​ခက်​ခဲ​သော အ​မှု​များ​ကို​မော​ရှေ​ထံ​သို့​တင်​ပြ​၍ သေး ငယ်​သော​အ​မှု​များ​ကို​ကိုယ်​တိုင်​ဆုံး​ဖြတ် ကြ​၏။

သူ့​အား​မည်​ကဲ့​သို့​စီ​ရင်​ရ​မည်​ကို​မ​သိ သ​ဖြင့်​ချုပ်​နှောင်​ထား​ကြ​သည်။-

မော​ရှေ​၏​ယောက္ခ​မ​မှ​ဆင်း​သက်​လာ​သော​ကေ​နိ အ​မျိုး​သား​တို့​သည်​စွန်​ပ​လွံ​ပင်​များ​ပေါ​သည့် ယေ​ရိ​ခေါ​မြို့​မှ​ယု​ဒ​ပြည်​အာ​ရဒ်​မြို့​တောင် ဘက်​ရှိ​တော​ကန္တာ​ရ​ဒေ​သ​သို့ ယု​ဒ​အ​နွယ်​ဝင် များ​နှင့်​အ​တူ​ထွက်​ခွာ​သွား​ကြ​၏။ ထို​နောက် သူ​တို့​သည်​အာ​မ​လက်​အ​မျိုး​သား​တို့​အ​ထဲ တွင်​အ​တည်​တ​ကျ​နေ​ထိုင်​ကြ​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ