Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 16:25

Common Language Bible

မော​ရှေ​က``ယ​နေ့​သည်​သင်​တို့​အ​လုပ်​မှ​ရပ် နား​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဆက်​ကပ် သော​ဥ​ပုသ်​နေ့​ဖြစ်​သ​ဖြင့် ယ​မန်​နေ့​က​ချန် ထား​သော​စား​စ​ရာ​ကို​စား​ကြ​လော့။ စ​ခန်း အ​ပြင်​ဘက်​၌​စား​စ​ရာ​ရှာ​တွေ့​နိုင်​မည် မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​သူ​တို့​အား​ဥ​ပုသ်​တော်​နေ့​ကို နေ့​မြတ်​အ​ဖြစ်​စောင့်​ထိန်း​ရန်​သွန်​သင်​တော်​မူ​၍ ပ​ညတ်​တော်​များ​ကို​ကိုယ်​တော်​၏​အ​စေ​ခံ မော​ရှေ​မှ​တစ်​ဆင့်​ပေး​အပ်​တော်​မူ​ပါ​၏။

မော​ရှေ​က``နက်​ဖြန်​နေ့​သည်​သင်​တို့​အ​လုပ် မှ​ရပ်​နား​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​တွက် ဆက်​ကပ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သည်။ ယ​နေ့ တွင်​မုန့်​ဖုတ်​စ​ရာ​ရှိ​သည်​ကို​ဖုတ်​လော့။ ချက် ပြုတ်​စ​ရာ​ရှိ​သည်​ကို​ချက်​ပြုတ်​လော့။ ယ​နေ့ စား​ပြီး​နောက်​ကျန်​ရှိ​သ​မျှ​ကို​နက်​ဖြန်​နေ့ အ​တွက်​ချန်​ထား​လော့။ ဤ​သို့​ပြု​လုပ်​ရန် ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​သည်'' ဟု ဆို​လေ​၏။-

သူ​တို့​သည်​မော​ရှေ​မှာ​ကြား​သည့်​အ​တိုင်း စား​စ​ရာ​ကို နက်​ဖြန်​နေ့​အ​ထိ​ချန်​ထား ရာ​ပိုး​မ​ကျ၊ မ​ပုပ်​သိုး​ဘဲ​ရှိ​လေ​၏။-

ထို့​ကြောင့်​သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး မုန့်​ကို​စု​သိမ်း​ရ​မည်။ နား​ရက်​ဖြစ်​သော​သတ္တမ နေ့​တွင်​စား​စ​ရာ​ရ​ရှိ​နိုင်​မည်​မ​ဟုတ်'' ဟု ဆို​လေ​၏။

ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​နား​ရက် ကို​ပေး​ပြီ။ သို့​ဖြစ်​၍​ဆ​ဋ္ဌ​မ​နေ့​တွင်​နှစ်​ရက် စာ​မုန့်​ကို​သင်​တို့​အား​ငါ​ပေး​မည်။ သတ္တမ​နေ့ တွင်​လူ​တိုင်း​မိ​မိ​ရှိ​ရာ​အ​ရပ်​၌​နေ​ရ​မည်။ မည်​သူ​မျှ​အိမ်​မှ​မ​ထွက်​ခွာ​ရ'' ဟု​မိန့်​တော် မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ