ထွက်မြောက် 16:15Common Language Bibleဣသရေလအမျိုးသားတို့သည်အချပ် ကလေးများကိုမြင်လျှင် မည်သည့်အရာ ဖြစ်ကြောင်းမသိသဖြင့်``ဤအရာဘာ လဲ'' ဟူ၍အချင်းချင်းမေးမြန်းကြ၏။ မောရှေကသူတို့အား``ဤအရာသည်ကား ထာဝရဘုရားက သင်တို့စားရန်ပေးသော မုန့်ဖြစ်၏။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည်သင်တို့ကိုအစာငတ်စေတော် မူ၏။ ထို့နောက်သင်တို့နှင့်သင်တို့၏ဘိုးဘေး များမစားဘူးသောမန္နမုန့်ကိုကျွေးတော်မူ သည်။ ဤနည်းအားဖြင့်လူသည်အစားအစာ ကိုသာမှီဝဲ၍ အသက်ရှင်ရသည်မဟုတ်။ ထာဝရ ဘုရားမိန့်တော်မူသမျှကိုမှီဝဲ၍ အသက်ရှင် ရမည်ဖြစ်ကြောင်းသင်တို့အားသွန်သင်တော် မူ၏။-
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ အောင်မြင်သောသူအားဝှက်ထားသောမန္နမုန့် ကိုငါပေးမည်။ ကျောက်စရစ်ဖြူကိုလည်း ငါပေးမည်။ ထိုကျောက်ဖြူပေါ်တွင်အက္ခရာ တင်ထားသည့်နာမည်သစ်ကိုအဘယ်သူ မျှမသိနိုင်ရာ။ ထိုကျောက်ကိုခံယူရရှိ သူသာလျှင်သိရှိနိုင်ပေသည်။