ထွက်မြောက် 16:10Common Language Bibleအာရုန်သည်ဣသရေလအမျိုးသားအပေါင်း တို့အား မောရှေမှာကြားသည့်အတိုင်းဆင့်ဆို နေစဉ် သူတို့သည်တောကန္တာရဘက်သို့မျှော် ကြည့်လိုက်သောအခါ မိုးတိမ်၌ထာဝရ ဘုရား၏တောက်ပသောဘုန်းအသရေ တော်ရုတ်တရက်ပေါ်လာသည်ကိုဖူးမြင် ရကြလေ၏။- အခန်းကိုကြည့်ပါ။ |
နံနက်အချိန်သို့ရောက်လျှင် သင်တို့သည် ထာဝရဘုရား၏တောက်ပသောဘုန်းတော် ကိုမြင်ရကြမည်။ ထာဝရဘုရားအားသင် တို့အပြစ်တင်ညည်းညူသံကိုကိုယ်တော် ကြားတော်မူပြီ။ ငါတို့သည်ထာဝရဘုရား မိန့်မှာသမျှအတိုင်းဆောင်ရွက်ရသူများ ဖြစ်သဖြင့် သင်တို့သည်ထာဝရဘုရားကို သာအပြစ်တင်ကြခြင်းဖြစ်သည်'' ဟုဆို လေ၏။-
ထာဝရဘုရား၏တောက်ပသောဘုန်းအသရေ တော်သည်တောင်ပေါ်သို့သက်ဆင်းလေ၏။ ဣသ ရေလအမျိုးသားတို့သည်ထိုတောက်ပသော ဘုန်းအသရေကို တောင်ထိပ်တွင်တောက်နေသော မီးသဖွယ်မြင်ရကြ၏။ မိုးတိမ်သည်တောင်ကို ခြောက်ရက်ပတ်လုံးဖုံးအုပ်ပြီးနောက် သတ္တမနေ့ တွင်ထာဝရဘုရားသည်မိုးတိမ်ထဲမှမောရှေ ကိုခေါ်တော်မူသည်။-