Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 14:3

Common Language Bible

အီ​ဂျစ်​ဘု​ရင်​က`ဣသ​ရေ​လ​အ​မျိုး​သား တို့​သည် တော​ကန္တာ​ရ​ဝန်း​ရံ​လျက်​ရှိ​သော အ​ရပ်​တွင်​လှည့်​လည်​လျက်​ရှိ​ကြ​သည်' ဟု ထင်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။ အ​ဝေး​က​ကျွန်​တော်​မျိုး​၏​အ​ကြံ​အ​စည် ရှိ​သ​မျှ​ကို​သိ​မြင်​တော်​မူ​ပါ​၏။

ကျွန်​တော်​မျိုး​နှုတ်​ကို​မ​ဖွင့်​မီ​၌​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ပြော​ဆို​မည့် စ​ကား​တို့​ကို​သိ​ရှိ​ပြီး​ဖြစ်​ပါ​၏။

သူ​တို့​က​ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​ကို ကူ​မ​တော်​မူ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ပြော​ဆို​ကြ​ပါ​၏။

``သူ​၏​ဘု​ရား​သည်​သူ့​ကို​စွန့်​ပစ်​လေ​ပြီ။ သူ့​အား​ကယ်​ဆယ်​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​တော့​သ​ဖြင့် သူ့​ကို​လိုက်​ဖမ်း​ကြ​ကုန်​အံ့'' ဟု​သူ​တို့​ဆို ကြ​ပါ​၏။

ငါ​သည်​အီ​ဂျစ်​ဘု​ရင်​ကို​ခေါင်း​မာ​စေ​သ​ဖြင့် သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​လိုက် လံ​တိုက်​ခိုက်​လိမ့်​မည်။ ငါ​သည်​ဘု​ရင်​နှင့်​သူ ၏​စစ်​တပ်​ကို​နှိမ်​နင်း​သ​ဖြင့် ငါ​၏​ဘုန်း​ထင်​ရှား လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​အ​မျိုး​သား​တို့​က ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​သိ​မြင် လာ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း​ဆောင်​ရွက်​ကြ​၏။

နောင်​အ​ခါ​၌​ငါ​သည်​ဣ​သ​ရေ​လ​ပြည် ကို​တိုက်​ခိုက်​ရန်​အ​တွက်​လူ​တစ်​ဦး​ကို​စေ လွှတ်​မည်​ဟု​လွန်​လေ​ပြီး​သော​အ​ခါ​က ပ​ရော​ဖက်​များ​မှ​တစ်​ဆင့်​ငါ​မြွက်​ကြား​ရာ ၌​သင့်​ကို​ရည်​စူး​၍​မိန့်​တော်​မူ​ကြောင်း​ဂေါ​ဂ အား​ပြော​ကြား​လော့၊ ထို​အ​ချိန်​က​ပ​ရော ဖက်​များ​က ငါ​သည်​သင့်​ကို​သူ​တို့​အား တိုက်​ခိုက်​စေ​မည်​ဟု​နှစ်​ပေါင်း​ကြာ​ရှည်​စွာ ဟော​ပြော​ခဲ့​သည်'' ဟု​မိန့်​တော်​မူ​၏။ ဤ ကား​ထာ​ဝရ​ဘု​ရား​သ​ခင်​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။

ယင်း​သို့​ထို​သူ​တို့​စု​ဝေး​ကြ​ခြင်း​မှာ​ကိုယ်​တော် ရှင်​၏​တန်​ခိုး​တော်​နှင့် အ​လို​တော်​အ​ရ​ခွဲ​ခန့် ပြ​ဋ္ဌာန်း​ထား​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​၏။-

ကြောက်​မက်​ဖွယ်​သော​ဘေး​ဒဏ်​များ​စွာ​နှင့် တွေ့​ကြုံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​တို့​တစ် ဘက်​၌​သက်​သေ​ဖြစ်​စေ​ရန် ဤ​သီ​ချင်း​ကို သီ​ဆို​ရ​မည်။ ငါ​ပေး​မည်​ဟု​က​တိ​ထား သော​ပြည်​သို့​ငါ​မ​ခေါ်​ဆောင်​မီ​ပင် ယ​ခု သူ​တို့​ကြံ​စည်​နေ​သော​အကြံ​အစည်​ကို ငါ​သိ​၏'' ဟု​မိန့်​တော်​မူ​၏။

ဂါ​ဇ​မြို့​သား​တို့​သည်​ရှံ​ဆုန်​ရောက်​ရှိ​နေ​ကြောင်း ကို​ကြား​သိ​ကြ​သ​ဖြင့် ထို​အိမ်​ကို​ဝိုင်း​ရံ​ထား ပြီး​လျှင်​တစ်​ည​လုံး​မြို့​တံ​ခါး​ဝ​မှ​စောင့်​နေ ကြ​၏။ ``ငါ​တို့​သည်​သူ့​အား​မိုး​လင်း​သည်​တိုင် အောင်​စောင့်​ဆိုင်း​ပြီး​မှ​သတ်​ပစ်​မည်'' ဟု​ကြံ စည်​ကာ​ဆိတ်​ငြိမ်​စွာ​နေ​ကြ​၏။-

သူ​ပုန်း​အောင်း​နေ​သည့်​အ​ရပ်​များ​ကို​တိ​ကျ သေ​ချာ​စွာ​မှတ်​သား​ပြီး​မှ ငါ့​ထံ​သို့​ချက် ချင်း​သ​တင်း​ပေး​ပို့​လော့။ ထို​အ​ခါ​သင်​တို့ နှင့်​အ​တူ​ငါ​လိုက်​၍​ရှာ​ဖွေ​မည်။ ဒါ​ဝိဒ်​သည် ယု​ဒ​ပြည်​တွင်​ရှိ​နေ​သေး​လျှင် ငါ​သည်​ယု​ဒ ပြည်​တစ်​လျှောက်​လုံး​ကို​ပင်​လိုက်​လံ​ရှာ​ဖွေ ရ​စေ​ကာ​မူ​သူ့​ကို​မိ​အောင်​ဖမ်း​မည်'' ဟု မိန့်​တော်​မူ​၏။

ကိ​လ​မြို့​သို့​ဒါ​ဝိဒ်​ရောက်​ကြောင်း​ကို​ရှော​လု ကြား​လျှင်``ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​အား ငါ​၏​လက်​သို့​အပ်​တော်​မူ​ပြီ။ ဒါ​ဝိဒ်​သည်​မြို့ ရိုး​နှင့်​မြို့​တံ​ခါး​အ​ခိုင်​အ​မာ​ရှိ​သည့်​မြို့​ထဲ သို့​ရောက်​ခြင်း​အား​ဖြင့် ထောင်​ချောက်​တွင်း သို့​သက်​ဆင်း​လေ​ပြီ'' ဟု​ဆို​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ