Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 13:19

Common Language Bible

ယော​သပ်​က​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား က​တိ​သစ္စာ​ထား​စေ​ခဲ့​သည့်​အ​တိုင်း မော​ရှေ သည်​ယော​သပ်​၏​အ​ရိုး​တို့​ကို​ယူ​ဆောင်​ခဲ့ လေ​သည်။ ယော​သပ်​က``ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​ကယ်​တင်​ထုတ်​ဆောင်​သော​အ​ခါ ငါ့​အ​ရိုး​တို့​ကို​ဤ​အ​ရပ်​မှ​ယူ​ဆောင် သွား​ရ​မည်'' ဟု​ခိုင်​မြဲ​သော​က​တိ​ပြု စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ယာ​ကုပ်​သည်​ယော​သပ်​အား``ငါ​သည် ယ​ခု​သေ​အံ့​ဆဲ​ဆဲ​ရှိ​ပြီ။ သို့​သော်​လည်း​ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​၍ ဘိုး​ဘေး​တို့ နေ​ထိုင်​ရာ​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​တော်​မူ လိမ့်​မည်။-

သူ​တို့​သည်​ပြော​ပြ​သ​မျှ​ကို​ယုံ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​ထံ​သို့​ကြွ​လာ ၍ သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း​ကို​သိ​မှတ်​တော် မူ​ပြီ​ဖြစ်​ကြောင်း​ကို ကြား​သိ​ရ​သော​အ​ခါ​သူ တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဦး​ညွှတ်​ရှိ​ခိုး ကြ​၏။

ဤ​သို့​သူ့​အား​ထာ​ဝ​ရ​ဘု​ရား​သည်​အံ့​သြ​ဖွယ် ကောင်း​အောင်​ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကြား​ကြ သော​အ​ခါ အိမ်​နီး​ချင်း​တို့​နှင့်​ဆွေ​မျိုး​သား​ချင်း တို့​သည်​သူ​နှင့်​အ​တူ​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​၏။

လူ​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​လျက်​ဘု​ရား​သ​ခင် ၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး​ကြ​၏။ သူ​တို့ က ``ငါ​တို့​တွင်​ပ​ရော​ဖက်​ကြီး​တစ်​ပါး​ပေါ်​ထွန်း လေ​ပြီ။ ဘု​ရား​သ​ခင်​သည်​မိ​မိ​လူ​စု​တော်​အား ကယ်​တင်​ရန်​ကြွ​လာ​တော်​မူ​ပြီ'' ဟု​ဂုဏ်​ကျေး​ဇူး တော်​ကို​ချီး​ကူး​ကြ​၏။

ထို့​ကြောင့်​ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​သို့​လိုက် လာ​ခဲ့​၏။ ထို​ပြည်​တွင်​သူ​နှင့်​သူ​၏​သား​များ သေ​လွန်​ကြ​၏။-

သူ​တို့​၏​အ​လောင်း​များ​ကို​ရှေ​ခင်​မြို့​သို့​ပို့ ဆောင်​ပြီး​လျှင် အာ​ဗြ​ဟံ​ဝယ်​ယူ​ထား​ခဲ့​သည့် သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​သင်္ချိုင်း​ကား​ဟာ မော်​၏​သား​များ​ထံ​မှ​အာ​ဗြ​ဟံ​အ​ဖိုး​ငွေ ပေး​၍​ဝယ်​ယူ​ထား​သော​သင်္ချိုင်း​ဖြစ်​သ​တည်း။''

ယော​သပ်​သည်​သေ​ချိန်​နီး​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် အီ​ဂျစ်​ပြည်​မှ​ဣသ​ရေ​လ​အ​မျိုး သား​တို့​လွတ်​မြောက်​လာ​မည့်​အ​ခြင်း​အ​ရာ ကို​ရည်​ညွှန်း​ပြော​ကြား​ကာ မိ​မိ​၏​အ​ရိုး များ​နှင့်​ပတ်​သက်​၍​မှာ​ကြား​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​မှ​ယူ​ဆောင်​ခဲ့​သော​ယော​သပ်​၏​အ​ရိုး များ​ကို ရှေ​ခင်​၏​ဖ​ခင်​ဟာ​မော်​၏​သား​များ ထံ​မှ​ယာ​ကုပ်​ငွေ​တစ်​ရာ​ဖြင့်​ဝယ်​သော ရှေ​ခင် မြို့​ရှိ​မြေ​ကွက်​တွင်​မြှုပ်​နှံ​ကြ​လေ​သည်။ ဤ မြေ​ကွက်​သည်​ယော​သပ်​၏​အ​ဆက်​အ​နွယ် များ​ဆက်​ခံ​ရ​ရှိ​သော​မြေ​ကွက်​ဖြစ်​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ