Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 13:16

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော် ဖြင့် ငါ​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့ ခြင်း​ကြောင့် ဤ​ပွဲ​တော်​သည်​သင်​၏​လက်​သို့ မ​ဟုတ်​သင်​၏​န​ဖူး​ပေါ်​တွင်​ချည်​ထား​သော အ​မှတ်​လက္ခ​ဏာ​သ​ဖွယ် သင်​တို့​အား​သ​တိ ရ​စေ​လိမ့်​မည်' ဟု​ပြန်​ပြော​ရ​မည်'' ဟူ​၍ ပြော​ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

``အို ထာ​ဝ​ရ​ဘု​ရား​ဤ​သူ​တို့​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်၊ ကိုယ်​တော်​၏​အ​စေ​ခံ များ​ဖြစ်​ကြ​ပါ​၏။ သူ​တို့​အား​ကိုယ်​တော် သည်​မ​ဟာ​တန်​ခိုး​တော်၊ အား​ကြီး​သော လက်​ရုံး​တော်​ဖြင့်​ကယ်​ဆယ်​တော်​မူ​ခဲ့​ပါ​၏။-

ကိုယ်​တော်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

သင်​တို့​နေ​ထိုင်​ရာ​အိမ်​တံ​ခါး​တိုင်​တို့​တွင် သုတ်​လိမ်း​ထား​သော​သွေး​သည်​အ​မှတ်​အ​သား ဖြစ်​လိမ့်​မည်။ ငါ​သည်​သွေး​ကို​မြင်​ရ​သော​အ​ခါ သင်​တို့​အိမ်​ကို​ကျော်​လွန်​သွား​မည်။ သို့​ဖြစ်​၍ ငါ​သည်​အီ​ဂျစ်​ပြည်​ကို​ဒဏ်​ခတ်​သော​အ​ခါ သင်​တို့​သည်​၎င်း​ဒဏ်​မှ​လွတ်​ကင်း​ကြ​လိမ့် မည်။-

နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ်​စေ့​သော​နေ့​၌ ပင်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ခဲ့​ကြ​၏။-

နောင်​အ​ခါ​၌​သင်​၏​သား​က`အ​ဘယ်​ကြောင့်​ဤ သို့​ပြု​လုပ်​ရ​ပါ​သ​နည်း' ဟု​မေး​လျှင်`ထာ​ဝ​ရ ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ငါ​တို့​ကို ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​တော် မူ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် သင်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ သော​ကြောင့် သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ညတ်​တော်​ကို​အ​မြဲ​ရွတ်​ဆို​လေ့​လာ​နေ​စေ ရန် ပွဲ​တော်​သည်​သင်​တို့​၏​လက်​သို့​မ​ဟုတ်​သင် တို့​၏​န​ဖူး​ပေါ်​တွင်​ချည်​ထား​သော​အ​မှတ်​လက္ခ ဏာ​သ​ဖွယ် သင်​တို့​အား​သ​တိ​ရ​စေ​လိမ့်​မည်။-

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``ဖာ ရော​ဘု​ရင်​အား​ငါ​မည်​သို့​ပြု​မည်​ကို​သင်​မြင် ရ​လိမ့်​မည်။ ငါ​၏​ကြီး​မား​သော​တန်​ခိုး​တော် အား​ဖြင့် သူ​သည်​ထို​သူ​တို့​ကို​သွား​ခွင့်​ပေး​စေ ရန်​ငါ​စီ​ရင်​မည်။ ငါ​၏​ကြီး​မား​သော​တန်​ခိုး တော်​အား​ဖြင့် သူ​သည်​မိ​မိ​၏​တိုင်း​ပြည်​မှ​သူ တို့​ကို​နှင်​ထုတ်​ရ​သည်​အ​ထိ​ငါ​စီ​ရင်​မည်'' ဟု​မိန့်​တော်​မူ​၏။

ထို့​ကြောင့်​သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား`ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​ထံ​၌​ကျွန်​ခံ​ရ​သည့်​ဘ​ဝ​မှ သင်​တို့​အား​ငါ​လွတ်​မြောက်​စေ​မည်။ ငါ​၏ မ​ဟာ​လက်​ရုံး​တော်​ကို​ဆန့်​၍ ကြောက်​မက် ဖွယ်​သော​ဒဏ်​စီ​ရင်​ခြင်း​ဖြင့်​သင်​တို့​ကို ကယ်​တင်​မည်။-

နှလုံးပေါ်မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထား လော့။

အို အ​ကျွန်ုပ်​တို့​၏​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ် တော်​သည်​မိ​မိ​၏​လူ​မျိုးတော်​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​ခြင်း​အား​ဖြင့် တန်​ခိုး​တော်​ကို​ပြ​တော်​မူ​ပါ​၏။ အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​တန်​ခိုး​တော်​ကို ယ​ခု ထက်​တိုင်​အောက်​မေ့​သ​တိ​ရ​လျက်​နေ​ကြ ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ကူး​မိ ကြ​ပါ​ပြီ။ အ​မှား​ကို​ပြု​မိ​ကြ​ပါ​ပြီ။-

မိ​မိ​တို့​ပြု​လုပ်​သ​မျှ​သော​အ​ရာ​တို့​ကို​လူ​မြင် သာ​အောင်​ပြု​လုပ်​တတ်​ကြ​၏။ မိ​မိ​တို့​န​ဖူး​နှင့် လက်​မောင်း​များ​ပေါ်​တွင်​ကျမ်း​စာ​လက်​ဖွဲ့​များ​ကို အ​ပြား​ကြီး​ပြု​လုပ်​၍​ဝတ်​ဆင်​တတ်​ကြ​၏။ ဝတ်​လုံ အ​မြိတ်​များ​ကို​ရှည်​လျား​စွာ​ချုပ်​ထား​တတ်​ကြ​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် ငါ​တို့​ဘိုး​ဘေး​များ​အီ​ဂျစ်​ပြည်​တွင် သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နှင့်​နေ​ထိုင်​ကြ​စဉ်၊ သူ​တို့​အား​ရွေး​ကောက်​၍ လူ​မျိုး​ကြီး​ဖြစ်​စေ တော်​မူ​၏။ မ​ဟာ​တန်​ခိုး​တော်​ဖြင့်​ထို​ပြည် မှ​ထုတ်​ဆောင်​သွား​တော်​မူ​ကာ၊-

``ဤ​ပညတ်​တော်​များ​ကို​အ​စဉ်​သ​တိ​ရ​၍ မြတ်​နိုး​လော့။ ယင်း​တို့​ကို​သ​တိ​ရ​စေ​ရန် သင်​တို့​၏​လက်​တွင်​လည်း​ကောင်း၊ န​ဖူး​ပေါ် တွင်​လည်း​ကောင်း​ချည်​ထား​လော့။-

ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​နှင့် လက်​ရုံး​တော်​အား​ဖြင့် အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ် ပြည်​မှ​ကယ်​တင်​တော်​မူ​ခဲ့​သည်။ ကိုယ်​တော် သည်​နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​အံ့​သြ​ဖွယ်​ရာ များ​ကို​ပြ​၍ ကြောက်​မက်​ဖွယ်​သော​ဘေး​ဒဏ် များ​ကို​ကျ​ရောက်​စေ​တော်​မူ​သည်။-

သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ခဲ့​ဖူး ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​မ​ဟာ​တန်​ခိုး တော်​ဖြင့်​ကယ်​တင်​ခဲ့​ကြောင်း​ကို​လည်း​ကောင်း သ​တိ​ရ​ကြ​လော့။ ထို​အ​ကြောင်း​ကြောင့်​ငါ သည်​သင်​တို့​အား​ဥ​ပုသ်​နေ့​ကို​စောင့်​ရန် မိန့်​မှာ​တော်​မူ​၏။

`ငါ​တို့​သည်​အီ​ဂျစ်​ပြည်​ဘု​ရင်​ထံ​တွင်​ကျွန် ခံ​ခဲ့​ရ​စဉ်​က ထာ​ဝ​ရ​ဘု​ရား​သည်​မဟာ တန်​ခိုး​တော်​ဖြင့်​ငါ​တို့​အား​ကယ်​ဆယ်​ခဲ့ ၏။-

သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်၊ မိ​မိ​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား ကိုး​ကွယ်​မှု​မ​ပြု​ကြ​တော့​ဘဲ​မိ​မိ​တို့ ပတ်​ဝန်း​ကျင်​မှ လူ​တို့​ကိုး​ကွယ်​သော​ဘု​ရား များ​ကို​ကိုး​ကွယ်​ကြ​လေ​သည်။ သူ​တို့​သည် ထို​ဘု​ရား​များ​ရှေ့​တွင်​ဦး​ညွှတ်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ကို​ထွက်​စေ ကြ​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ