ထွက်မြောက် 13:12Common Language Bibleသင်တို့၌ဖွားမြင်သောသားဦးမှန်သမျှကို ထာဝရဘုရားအားဆက်ကပ်ရမည်။ သင်တို့ ၏တိရစ္ဆာန်များမှ သားဦးပေါက်အထီးမှန် သမျှကိုလည်းထာဝရဘုရားပိုင်တော် မူ၏။- အခန်းကိုကြည့်ပါ။ |
ငါတို့နှစ်စဉ်အဦးအဖျားရိတ်သိမ်းရရှိ သည့်ဂျုံဆန်ဖြင့်ပြုလုပ်ထားသောမုန့်ညက်၊ အခြားပူဇော်သကာများဖြစ်သောစပျစ် ရည်၊ သံလွင်ဆီနှင့်သစ်သီးအမျိုးမျိုးတို့ ကိုဗိမာန်တော်ရှိယဇ်ပုရောဟိတ်များထံ သို့ယူဆောင်ခဲ့ပါမည်။ လယ်လုပ်သည့်ရွာများတွင်ဆယ်ဖို့တစ်ဖို့ အလှူကိုကောက်ခံကြသူလေဝိအနွယ် ဝင်တို့ထံသို့ ငါတို့သည်မိမိတို့လယ်ယာ ထွက်အသီးအနှံဆယ်ပုံတစ်ပုံကိုယူ ဆောင်ခဲ့ပါမည်။-
ယဇ်ပုရောဟိတ်တို့သည်ကောက်ဦးစပါး အကောင်းဆုံးနှင့်ငါ့အားဆက်သသည့်အခြား ပူဇော်သကာရှိသမျှကိုခံယူရရှိကြလိမ့် မည်။ လူတို့သည်မုန့်များကိုဖုတ်သည့်အခါ တိုင်းယဇ်ပုရောဟိတ်တို့အားအဦးဆုံးဖုတ် သည့်မုန့်ကိုပူဇော်သကာအဖြစ်ပေးလှူရကြ မည်။ ထိုအခါငါ၏ကောင်းချီးမင်္ဂလာသည် သူတို့၏အိမ်များအပေါ်သို့သက်ရောက် လိမ့်မည်။-