ထွက်မြောက် 12:43Common Language Bibleထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အား``ပသခါပွဲတော်နှင့်ဆိုင်သောစည်းကမ်း ဥပဒေသများသည်ကားဤသို့တည်း။ မည် သည့်လူမျိုးခြားကိုမျှထိုပွဲတွင်ပါဝင် စားသောက်ခွင့်မပြုရ။- အခန်းကိုကြည့်ပါ။ |
လူမျိုးခြားတစ်ဦးဦးသည်သင်နှင့်အတူ နေထိုင်၍ ထာဝရဘုရား၏ပသခါပွဲတော် တွင်ပါဝင်လိုလျှင် သူနှင့်သူ၏အိမ်သားတို့ ကိုဦးစွာအရေဖျားလှီးမင်္ဂလာခံစေပြီး မှ ထိုသူအားဣသရေလအမျိုးသား ကဲ့သို့သတ်မှတ်ကာထိုပွဲတော်၌ပါဝင် စေနိုင်၏။ အရေဖျားလှီးခြင်းမင်္ဂလာ မခံသူမှန်သမျှသည်ထိုပွဲသို့ဝင်၍ မစားရ။-
ဆီဥနှင့်သွေးကိုငါ့အားပူဇော်ချိန်၌သူ တို့သည်အရေဖျားလှီးမင်္ဂလာမခံသူ လူမျိုးခြားများ၊ ငါ၏စကားကိုနားမ ထောင်သူများအားဗိမာန်တော်ထဲသို့ဝင် ခွင့်ပြုလျက်ငါ၏ဗိမာန်တော်ကိုညစ်ညမ်း စေကြ၏။ သို့ဖြစ်၍ငါ၏လူမျိုးတော် သည်မိမိတို့၏စက်ဆုပ်ဖွယ်ရာအကျင့် များအားဖြင့်ငါ၏ပဋိညာဉ်တော်ကို ချိုးဖောက်ကြလေပြီ။-
သို့ရာတွင်ယဇ်ပုရောဟိတ်၏သမီးသည် ခင်ပွန်းသေလျှင်ဖြစ်စေ၊ ခင်ပွန်းနှင့်ကွာရှင်း ပြီးလျှင်ဖြစ်စေသားသမီးမရှိသဖြင့် ဖခင်အိမ်သို့ပြန်ရောက်နေထိုင်ခဲ့သည်ရှိ သော်ဖခင်၏အစားအစာကိုစားနိုင် သည်။ ယဇ်ပုရောဟိတ်၏မိသားစု၌ပါဝင် သူသာလျှင်ပူဇော်သကာကိုစားနိုင်သည်။
ထိုစဉ်အခါကသင်တို့သည်ခရစ်တော်နှင့် ကင်းကွာလျက်နေခဲ့ကြ၏။ သင်တို့သည်လူမျိုး ခြားများဖြစ်၍ ဘုရားသခင်ရွေးချယ်တော်မူ သောလူစုတော်တွင်ပါဝင်ခွင့်မရကြ။ မိမိ၏ လူစုတော်အား ဘုရားသခင်ထားတော်မူသော ကတိတော်များပေါ်တွင်အခြေပြုသည့်ပဋိ ညာဉ်တရားနှင့်မသက်ဆိုင်ကြ။ ဤလောက တွင်မျှော်လင့်ရာမဲ့ဘုရားမဲ့ခဲ့ရ၏။-