Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 12:37

Common Language Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရာ​မ​သက် မြို့​မှ သု​ကုတ်​မြို့​သို့​ခြေ​လျင်​ခ​ရီး​ဖြင့်​ထွက်​ခွာ လာ​ခဲ့​ကြ​၏။ အ​ရေ​အ​တွက်​အား​ဖြင့်​အ​မျိုး သ​မီး​နှင့်​က​လေး​များ​မ​ပါ​ဘဲ စု​စု​ပေါင်း လူ​ခြောက်​သိန်း​မျှ​ရှိ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​သင်​၏​သား​မြေး​တို့​ကို​များ​ပြား​စေ မည်။ သူ​တို့​အား​လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ သည်​သင့်​ကို​ကောင်း​ချီး​ပေး​၍​သင်​၏​နာ​မ ကို​ကြီး​မြတ်​စေ​သ​ဖြင့် လူ​တို့​သည်​သင့်​အား ဖြင့်​ကောင်း​ချီး​ခံ​စား​ရ​ကြ​မည်။

အာ​ဗြံ​ကို​အ​ပြင်​သို့​ခေါ်​ဆောင်​လျက်``မိုး​ကောင်း ကင်​ကို​မော်​ကြည့်​၍​ကြယ်​များ​ကို​ရေ​တွက်​လော့။ သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ထို​မျှ​လောက်​များ ပြား​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​သည်။

ဘု​ရား​သ​ခင်​က``ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ် ၏။ သင့်​အ​ဖ​၏​ဘု​ရား​သ​ခင်​ဖြစ်​၏။ သင်​သည် အီ​ဂျစ်​ပြည်​သို့​သွား​ရ​မည်​ကို​မ​စိုး​ရိမ်​နှင့်။ ထို​ပြည်​တွင်​ငါ​သည်​သင်​၏​အ​ဆက်​အ​နွယ် တို့​အား​လူ​မျိုး​ကြီး​ဖြစ်​လာ​စေ​မည်။-

ယော​သပ်​သည်​ဖာ​ရော​ဘုရင်​အ​မိန့်​တော်​ရှိ​သည့် အ​တိုင်း​သူ​၏​အ​ဖ​နှင့်​အစ်​ကို​တို့​အား အီ​ဂျစ် ပြည်​ရာ​မ​သက်​မြို့​အ​နီး​ရှိ​အ​ကောင်း​ဆုံး အ​ရပ်​တွင်​မြေ​အ​ပိုင်​ပေး​၍​နေ​ထိုင်​စေ​၏။-

သို့​ဖြစ်​၍​အီ​ဂျစ်​အမျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​တွင် အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​ချုပ်​များ​ကို​ခန့်​ထား​၍ စိတ်​ဋ္ဌာတ်​ကို​ချိုး​နှိမ်​ရန်​အ​လုပ်​ကြမ်း​ကို​အ​တင်း​အ​ကြပ်​ခိုင်း​ကြ​၏။ ဤ​နည်း​အား​ဖြင့်​ဖာ​ရော​ဘု​ရင်​၏​ရိက္ခာ​သို​လှောင်​ရာ ပိ​သုံ​မြို့​နှင့်​ရာ​မ​သက်​မြို့​တို့​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​တည်​ဆောက်​စေ​၏။-

ထို​အ​ခါ​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ပွဲ​ကို​ကျင်း​ပ​ရ​မည်​ဖြစ်​သော​ကြောင့် ကျွန်ုပ်​တို့​၏​လူ​ကြီး၊ က​လေး၊ သား​သ​မီး၊ သိုး နွား​မှ​စ​၍​အား​လုံး​ကို​ခေါ်​ဆောင်​သွား​ရ ကြ​ပါ​မည်'' ဟု​လျှောက်​လေ​၏။

သူ​တို့​သည်​သု​ကုတ်​မြို့​မှ​ခ​ရီး​ဆက်​ခဲ့​ကြ ရာ တော​ကန္တာ​ရ​အ​စပ်​ရှိ​ဧ​သံ​မြို့​တွင်​စ​ခန်း ချ​ကြ​၏။-

ထို​ငွေ​ချိန်​သည်​သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တစ်​ဦး ချင်း​က တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ​ပေး​ဆောင် သော​ငွေ​ချိန်​စု​စု​ပေါင်း​ဖြစ်​သ​တည်း။ အ​သက် နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သူ​သန်း​ခေါင်​စာ​ရင်း​ဝင် အ​မျိုး​သား​ဦး​ရေ​မှာ ခြောက်​သိန်း​သုံး​ထောင်​ငါး ရာ​ငါး​ဆယ်​ယောက်​ဖြစ်​သည်။-

``သင်​နှင့်​အာ​ရုန်​သည်​ဣ​သ​ရေလ​အ​မျိုး​သား​တို့​၏​သန်း​ခေါင်​စာ​ရင်း​ကို သား​ချင်း​စု​နှင့်​မိ​သား​စု​အ​လိုက်​ကောက်​ယူ​ရ​မည်။ စစ်​မှု​ထမ်း​နိုင်​သူ​အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​အ​ရွယ်​ရှိ အ​မျိုး​သား​အား​လုံး​၏​နာ​မည်​စာ​ရင်း​ကို​ကောက်​ယူ​လော့။-

မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​မှာ လူ​ပေါင်း​ခြောက်​သိန်း​ရှိ​ပါ​၏။ ကိုယ်​တော်​က သူ​တို့​အား​တစ်​လ​ပတ်​လုံး​အ​သား​ကျွေး မည်​ဟု​မိန့်​တော်​မူ​ပါ​သည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​တပ်​အ​လိုက်​နှင့်​သား​ချင်း​စု​အ​လိုက်​လူ​ဦး​ရေ​စာ​ရင်း​စု​စု​ပေါင်း​မှာ​ခြောက်​သိန်း​သုံး​ထောင့်​ငါး​ရာ​ငါး​ဆယ်​ယောက်​ဖြစ်​သည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​ယောကျာ်း​ဦး​ရေ​မှာ ခြောက်​သိန်း​တစ်​ထောင့်​ခု​နစ်​ရာ့​သုံး​ဆယ်​ယောက် ဖြစ်​သ​တည်း။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပ​ထ​မ​ဦး ဆုံး​ကျင်း​ပ​သော​ပ​သ​ခါ​ပွဲ​တော်​လွန်​ပြီး နောက်​တစ်​နေ့​ဖြစ်​သော​ပ​ထ​မ​လ​တစ်​ဆယ် ငါး​ရက်​နေ့​၌ အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ခဲ့ ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကာ အ​ကွယ်​ဖြင့် အီ​ဂျစ်​အ​မျိုး​သား​တို့​ရှေ့​မှောက် တွင်​ရာ​မ​သက်​မြို့​မှ​ထွက်​ခွာ​လာ​ကြ​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရာ​မ​သက် မြို့​မှ ထွက်​ခွာ​လာ​ကြ​ပြီး​နောက်​သု​ကုတ် စ​ခန်း​တွင်​ရပ်​နား​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ