Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 12:23

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား တို့​ကို​သေ​ဒဏ်​စီ​ရင်​ရန် အီ​ဂျစ်​ပြည်​ကို ဖြတ်​သန်း​ကြွ​သွား​သည့်​အ​ခါ​တံ​ခါး​ထုပ်၊ တံ​ခါး​တိုင်​တို့​တွင်​သွေး​ကို​မြင်​ရ​လျှင် သင် တို့​အ​သက်​ချမ်း​သာ​ရ​စေ​ရန် သေ​မင်း​တ​မန် အား သင်​တို့​၏​အိမ်​များ​ကို​ကျော်​သွား​စေ တော်​မူ​မည်။ သင်​တို့​၏​အိမ်​များ​ထဲ​သို့​ဝင်​၍ သင်​တို့​အား​သတ်​ခွင့်​ပေး​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တမန်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ဖျက်​ဆီး​မည်​ပြု​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​မှု​နှင့်​ပတ်​သက်​၍​စိတ်​ပြောင်း လဲ​တော်​မူ​သ​ဖြင့်``ရပ်​တန့်​လော့။ တော်​လောက် ပြီ'' ဟု​ကောင်း​ကင်​တ​မန်​အား​မိန့်​တော်​မူ​၏။ ထို​အ​ခါ​၌​ကောင်း​ကင်​တမန်​သည်​ယေ​ဗု​သိ အ​မျိုး​သား​အ​ရော​န​၏​ကောက်​နယ်​တ​လင်း အ​နီး​တွင်​ရပ်​လျက်​နေ​သ​တည်း။

ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော်မလွန်မှီတိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ် ကိုအောက်မေ့စရာ အချိန်ကို ချိန်းချက်တော်မူပါစေ။

ထို​နောက်​မော​ရှေ​က​ဘု​ရင်​အား``ထာ​ဝ​ရ ဘု​ရား​က `သန်း​ခေါင်​ယံ​အ​ချိန်​တွင် ငါ​သည် အီ​ဂျစ်​ပြည်​သား​တို့​ထံ​သို့​ကြွ​လာ​၍၊-

ထို​နောက်​အ​သား​ကို​စား​သုံး​သူ​များ​နေ​ထိုင် ရာ​အိမ်​၏​တံ​ခါး​ထုပ်​နှင့်​တံ​ခါး​တိုင်​နှစ်​တိုင် တို့​တွင် ထို​သား​ကောင်​၏​သွေး​ကို​သုတ်​လိမ်း ရ​မည်။-

ငါ​၏​အ​မျိုး​သား​တို့၊ သင်​တို့​သည်​မိ​မိ​တို့​အိမ် တွင်း​သို့​ဝင်​၍​တံ​ခါး​များ​ကို​ပိတ်​ထား​ကြ လော့။ ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ပြေ​သည် တိုင်​အောင်​ကာ​လ​အ​နည်း​ငယ်​ပုန်း​အောင်း​နေ ကြ​လော့။-

ထို​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​ကို​သုတ်​သင်​ပစ် လေ​သည်။ နောက်​တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌ ထို​သူ​အ​ပေါင်း​တို့​သည်​လဲ​၍​သေ​နေ​ကြ​၏။-

``သင်​သည်​ယေ​ရု​ရှ​လင်​မြို့​တစ်​လျှောက်​လုံး တွင်​လှည့်​လည်​ကာ ယ​ခု​လူ​တို့​ပြု​ကျင့်​လျက် ရှိ​သော​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​ကြောင့် ညည်း​တွား​မြည်​တမ်း​နေ​သူ​မှန်​သ​မျှ​၏ န​ဖူး​တွင် အ​မှတ်​သ​ညာ​ကို​ရေး​မှတ်​လော့'' ဟု​မိန့်​တော်​မူ​၏။

အ​သက်​ကြီး​သူ​များ၊ ပျို​ရွယ်​သူ​ယောကျာ်း မိန်း​မ​များ၊ က​လေး​အ​မေ​များ​နှင့်​က​လေး များ​ကို​သတ်​ကြ​လော့။ သို့​ရာ​တွင်​န​ဖူး တွင်​အ​မှတ်​သ​ညာ​ရှိ​သူ​တစ်​စုံ​တစ်​ယောက် ကို​မျှ​မ​ထိ​နှင့်။ ငါ​၏​ဗိ​မာန်​တော်​မှ​အ​စ ပြု​၍​ဆောင်​ရွက်​လော့'' ဟု​မိန့်​တော်​မူ​သည် ကို​ငါ​ကြား​ရ​၏။ သို့​ဖြစ်​၍​ထို​သူ​တို့​သည် ဗိ​မာန်​တော်​တွင်​ရပ်​လျက်​နေ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​သက်​ကြီး​သူ​များ​ကို​ဦး စွာ​သတ်​ကြ​၏။

သင်​တို့​သည်​ထို​သူ​အ​ချို့​တို့​ကဲ့​သို့​မ​ညည်း မ​ညူ​ကြ​နှင့်။ သူ​တို့​သည်​သေ​မင်း​၏​တ​မန် လက်​ချက်​ဖြင့်​ဆုံး​ပါး​ပျက်​စီး​ရ​ကြ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး​များ​ကို သေ​မင်း​တ​မန်​မ​သတ်​စေ​ရန် သူ​သည်​ယုံ​ကြည် ခြင်း​အား​ဖြင့်​ပ​သ​ခါ​ပွဲ​ကို​စီ​မံ​၍ တံ​ခါး တိုင်​များ​ကို​သွေး​ဖြင့်​ပက်​ဖျန်း​စေ​၏။

သင်​တို့​သည်​ပဋိညာဉ်​တော်​သစ်​ကို​စီ​ရင် တော်​မူ​သော​သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့ လည်း​ကောင်း၊ အာ​ဗေ​လ​၏​သွေး​ထက်​သာ ၍​မြတ်​သော​အ​ရာ​ကို​မျှော်​လင့်​ချက်​ပေး သည့်​ပက်​ဖျန်း​သော​သွေး​တော်​၏​ထံ​သို့ လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။

``ငါ​တို့​ဘု​ရား​သခင်​၏​အ​စေ​ခံ​တို့​န​ဖူး တွင်​တံ​ဆိပ်​တော်​ကို​ငါ​တို့​မ​ခတ်​နှိပ်​ရ​သေး မီ​သင်​တို့​သည်​ကုန်း​မြေ၊ ပင်​လယ်၊ သစ်​ပင်​တို့ အား​မည်​သို့​မျှ​ဘေး​ဥ​ပဒ်​မ​သက်​ရောက်​စေ ကြ​နှင့်'' ဟု​ကျယ်​စွာ​ဟစ်​အော်​၍​ပြော​၏။-

သူ​တို့​သည်​မြက်​များ​နှင့်​အ​ခြား​စိမ်း​လန်း​သည့် အ​ပင်​ကြီး​ငယ်​တို့​ကို​ဘေး​ဥ​ပဒ်​ပြု​ပိုင်​ခွင့်​မ​ရှိ။ န​ဖူး​တွင်​ဘု​ရား​သ​ခင်​၏​တံ​ဆိပ်​တော်​မ​ပါ သည့်​လူ​တို့​ကို​သာ​လျှင်​ဘေး​ဥ​ပဒ်​ပြု​ပိုင်​ခွင့် ရှိ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ