ထွက်မြောက် 12:21Common Language Bibleမောရှေသည်ဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့ကိုခေါ်၍``သင်တို့၏မိသားစု အသီးသီးသည် ပသခါပွဲတော်ကိုဆင်ယင် ကျင်းပနိုင်ရန် တိရစ္ဆာန်များထဲမှရွေးယူ၍ ပသခါပွဲအတွက်သတ်ကြလော့။- အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ်နှင့်လေဝိအနွယ်ဝင်အပေါင်းတို့သည် မိမိတို့ကိုယ်ကိုသန့်ရှင်းစေသဖြင့် ဘာသာရေးထုံးနည်းအရသန့်စင်လျက်ရှိကြ၏။ လေဝိအနွယ်ဝင်တို့သည်မိမိတို့ပြည်သို့ပြန်လာကြသူများ၊ ယဇ်ပုရောဟိတ်များနှင့် မိမိတို့ကိုယ်တိုင်တို့အတွက်ပသခါယဇ်ကောင်များကိုသတ်ကြ၏။-
သင်သွား၍ဣသရေလအမျိုးသားခေါင်း ဆောင်တို့ကိုစုရုံးလျက် သူတို့အားသင်တို့ ဘိုးဘေးတို့၏ထာဝရဘုရား၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသောထာဝရဘုရားကိုဖူးမြင် ရ၍၊ ထိုဘုရားကသင်တို့အားငါသည်သင် တို့ထံသို့ကြွလာလျက်အီဂျစ်အမျိုးသား တို့ကသင်တို့အားပြုသောအမှုကိုမြင် ရပြီ။-