Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 12:16

Common Language Bible

ပ​ထ​မ​နေ့​နှင့်​သတ္တမ​နေ့​၌​ဝတ်​ပြု​အ​စည်း အ​ဝေး​ကို​ကျင်း​ပ​ရ​မည်။ ထို​နေ့​ရက်​များ တွင်​စား​စ​ရာ​ပြင်​ဆင်​ခြင်း​အ​လုပ်​မှ​တစ် ပါး​အ​ခြား​အ​လုပ်​မ​လုပ်​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​က``နက်​ဖြန်​နေ့​သည်​သင်​တို့​အ​လုပ် မှ​ရပ်​နား​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​တွက် ဆက်​ကပ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သည်။ ယ​နေ့ တွင်​မုန့်​ဖုတ်​စ​ရာ​ရှိ​သည်​ကို​ဖုတ်​လော့။ ချက် ပြုတ်​စ​ရာ​ရှိ​သည်​ကို​ချက်​ပြုတ်​လော့။ ယ​နေ့ စား​ပြီး​နောက်​ကျန်​ရှိ​သ​မျှ​ကို​နက်​ဖြန်​နေ့ အ​တွက်​ချန်​ထား​လော့။ ဤ​သို့​ပြု​လုပ်​ရန် ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​သည်'' ဟု ဆို​လေ​၏။-

ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​နား​ရက် ကို​ပေး​ပြီ။ သို့​ဖြစ်​၍​ဆ​ဋ္ဌ​မ​နေ့​တွင်​နှစ်​ရက် စာ​မုန့်​ကို​သင်​တို့​အား​ငါ​ပေး​မည်။ သတ္တမ​နေ့ တွင်​လူ​တိုင်း​မိ​မိ​ရှိ​ရာ​အ​ရပ်​၌​နေ​ရ​မည်။ မည်​သူ​မျှ​အိမ်​မှ​မ​ထွက်​ခွာ​ရ'' ဟု​မိန့်​တော် မူ​၏။-

ဆ​ဋ္ဌ​မ​နေ့​တွင်​သူ​တို့​သည်​ခါ​တိုင်း​နေ့ ထက်​မုန့်​နှစ်​ဆ​ကို​စု​သိမ်း​ထား​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

သတ္တမ​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​အ​တွက်​သီး သန့်​ထား​သော​နား​ရက်​ဖြစ်​၏။ ထို​နေ့​တွင်​သင် မှ​စ​၍​သင်​၏​သား​သ​မီး​များ၊ ကျေး​ကျွန် များ၊ တိ​ရစ္ဆာန်​များ၊ ဧည့်​သည်​အာ​ဂန္တု​များ သည်​အ​လုပ်​မ​လုပ်​ရ။-

``တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ သင် တို့​သည်​အ​ဗိ​ဗ​ဟု​ခေါ်​သော​လ​တွင်​အီ​ဂျစ် ပြည်​မှ​ထွက်​လာ​ခဲ့​ရ​သော​ကြောင့်၊ ထို​လ​၌ ငါ​ပ​ညတ်​သည့်​အ​တိုင်း​ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို​စား​ရ​ကြ​မည်။

သင်​တို့​၏​အ​သုံး​မ​ကျ​သော​ပူ​ဇော်​သ​ကာ​များ​ကို နောက်​တစ်​ဖန်​ငါ​အ​လို​မ​ရှိ။ သင်​တို့​ပူ​ဇော်​သည့်​နံ့​သာ​ပေါင်း​၏​ရ​နံ့​ကို​ငါ​ရွံ​မုန်း​၏။ သင်​တို့​၏​လ​ဆန်း​ပွဲ​နေ့​များ၊ ဥ​ပုသ်​နေ့​များ​နှင့်​ဘာ​သာ​ရေး​ပွဲ​နေ့​များ​ကို​ငါ​စက်​ဆုပ်​၏။ သင်​တို့​၏​အ​ပြစ်​များ​ကြောင့်​ထို​အ​ရာ​များ​သည်​ဖောက်​ပြန်​ပျက်​စီး​နေ​သည်။-

ထို​နေ့​၌​အ​သက်​မွေး​ဝမ်း​ကျောင်း​အ​လုပ် ကို​မ​လုပ်​ဘဲ စု​ဝေး​ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ မည်။ သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သည် မည်​သည့်​အ​ရပ်​တွင်​နေ​ထိုင်​သည်​မ​ဆို ဤ ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း​ရ​ကြ​မည်။-

ပွဲ​တော်​ပ​ထ​မ​နေ့​၌​အ​သက်​မွေး​ဝမ်း​ကျောင်း အ​လုပ်​ကို​မ​လုပ်​ဘဲ ဝတ်​ပြု​ကိုး​ကွယ်​ရန်​စု ဝေး​ရ​ကြ​မည်။-

ပွဲ​တော်​ပ​ထ​မ​နေ့​တွင်​သင်​တို့​စု​ဝေး​ဝတ်​ပြု ရ​မည်။ ထို​နေ့​၌​အ​လုပ်​မ​လုပ်​ရ။-

သတ္တမ​နေ့​တွင်​စု​ဝေး​ဝတ်​ပြု​ရ​မည်။ ထို​နေ့ တွင်​အ​လုပ်​မ​လုပ်​ရ။

သင်​တို့​သည်​ကောက်​သိမ်း​ပွဲ​တော်​ပ​ထ​မ​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​အား​ကောက်​သစ်​ပူ​ဇော်​သည့် အ​ခါ​စု​ဝေး​ဝတ်​ပြု​ရ​ကြ​မည်။ ထို​နေ့​၌ အ​လုပ်​မ​လုပ်​ရ။-

သင်​တို့​သည်​သတ္တ​မ​လ၊ ပ​ထ​မ​နေ့​တွင် စု​ဝေး ဝတ်​ပြု​ရ​မည်။ ထို​နေ့​တွင်​အ​လုပ်​မ​လုပ်​ရ။ ထို​နေ့​တွင်​တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​ရ​မည်။-

သင်​တို့​သည်​သတ္တ​မ​လ​တစ်​ဆယ့်​ငါး​ရက်​နေ့ တွင် စု​ဝေး​ဝတ်​ပြု​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​သော​ဤ​ပွဲ​တော်​ကို​ခု​နစ် ရက်​တိုင်​တိုင်​ကျင်း​ပ​ရ​မည်။ ထို​ရက်​များ​တွင် အ​လုပ်​မ​လုပ်​ရ။-

ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​ထား​သူ​များ​၏​ခြေ​တို့​ကို​ချိုး​၍ အ​လောင်း​များ​ကို​ယူ​ဆောင်​သွား​ခွင့်​ပြု​ရန် ပိ​လတ်​မင်း​အား​တောင်း​လျှောက်​ကြ​၏။ သူ​တို့ ဤ​သို့​တောင်း​လျှောက်​ကြ​ရ​ခြင်း​မှာ​ထို​နေ့ သည်​အ​ဖိတ်​နေ့​ဖြစ်​၍​ဥ​ပုသ်​နေ့​၌ အ​လောင်း များ​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​မ​ရှိ​စေ​လို သော​ကြောင့်​လည်း​ကောင်း၊ ထို​ဥ​ပုသ်​နေ့​သည် လည်း​နေ့​ထူး​နေ့​မြတ်​ဖြစ်​သော​ကြောင့် လည်း​ကောင်း​ဖြစ်​ပေ​သည်။-

သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​တ​ဆေး​မ​ပါ သော​မုန့်​ကို​စား​၍​သတ္တ​မ​နေ့​တွင်​စု​ဝေး​လျက် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ရ​မည်။ ထို​နေ့​တွင်​အ​လုပ်​မ​လုပ်​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ