ထွက်မြောက် 12:11Common Language Bibleသင်တို့သည်ခါးကိုစည်း၍ဖိနပ်ကိုစီး လျက်လက်ထဲတွင်တောင်ဝှေးကိုကိုင်ပြီးလျှင် ထိုအသားကိုအလျင်အမြန်စားကြရမည်။ ထိုပွဲတော်သည်ထာဝရဘုရား၏ပသခါ ပွဲတော်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သင်တို့က`ထာဝရဘုရားသည်အီဂျစ် ပြည်သားတို့အားသုတ်သင်ဖျက်ဆီးသော အခါ အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့၏အိမ်များကိုကျော်၍ ငါတို့အား အသက်ချမ်းသာစေခဲ့သဖြင့် ထာဝရ ဘုရားအားပသခါယဇ်ကိုပူဇော်ခြင်း ဖြစ်သည်' ဟုဖြေကြားရမည်'' ဟုညွှန် ကြားလေ၏။ ထိုအခါဣသရေလအမျိုးသားတို့သည် ဦးညွှတ်၍ထာဝရဘုရားအားရှိခိုး ကြ၏။-
တဆေးဟောင်းတည်းဟူသောအပြစ်ဒုစရိုက် ကိုပယ်ရှားကြလော့။ သို့မှသာလျှင်သင်တို့ သည်လုံးဝသန့်စင်လာကြလိမ့်မည်။ ထိုအခါ သင်တို့သည်တဆေးမပါသောမုန့်ညက်သစ် ကဲ့သို့ဖြစ်လိမ့်မည်။ ဤသို့သင်တို့အကယ်ပင် ဖြစ်ကြကြောင်းကိုဧကန်အမှန်ငါသိ၏။ ငါ တို့၏ပသခါသိုးတည်းဟူသောခရစ်တော် အားယဇ်ပူဇော်ပြီးပြီဖြစ်သဖြင့် ငါတို့၏ ပသခါပွဲကျင်းပရန်အသင့်ရှိပေပြီ။-