Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 11:8

Common Language Bible

ထို​အ​ခါ​သင်​၏​မှူး​မတ်​တို့​သည်​ကျွန်ုပ်​ထံ​သို့ လာ​၍​ပျပ်​ဝပ်​လျက်`သင်​နှင့်​သင်​၏​လူ​စု​အ​ပေါင်း တို့​ထွက်​သွား​ကြ​ပါ' ဟု​ရှိ​ခိုး​တောင်း​ပန်​ကြ လိမ့်​မည်။ ထို​နောက်​မှ​ကျွန်ုပ်​ထွက်​သွား​ပါ​မည်'' ဟု​လျှောက်​လေ​၏။ ထို​နောက်​မော​ရှေ​သည် ဒေါ​သ​အ​မျက်​ထွက်​လျက်​ဘု​ရင်​ထံ​မှ ထွက်​သွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

``ဗင်္ဟာ​ဒဒ်​မင်း​က`သင်​၏​မြို့​ကို​ဖြို​ဖျက်​၍ ကျောက်​ခဲ​အ​ကျိုး​အ​ပဲ့​တို့​ကို လက်​နှင့်​သယ် နိုင်​လောက်​အောင်​လူ​အ​မြောက်​အ​မြား​ကို​ငါ ခေါ်​ဆောင်​ခဲ့​မည်။ ဤ​သို့​မ​ပြု​ခဲ့​သော်​ဘု​ရား များ​သည်​ငါ့​အား​အ​ဆုံး​စီ​ရင်​ကြ​ပါ​စေ သော' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​လျှောက်​ကြ​၏။

သို့​ဖြစ်​၍​ဣသ​ရေ​လ​ဘု​ရင်၊ ယု​ဒ​ဘု​ရင်​နှင့်​ဧဒုံ ဘု​ရင်​တို့​သည်​ထွက်​ခွာ​သွား​ကြ​ရာ ခု​နစ်​ရက်​မျှ ကြာ​သော​အ​ခါ​တပ်​သား​များ​အ​တွက်​သော် လည်း​ကောင်း၊ ဝန်​တင်​တိ​ရစ္ဆာန်​များ​အ​တွက်​သော် လည်း​ကောင်း​သောက်​သုံး​ရန်​ရေ​ကုန်​သွား​သ​ဖြင့်၊-

ထို​သူ​တို့​ညည်း​ညူ​သံ​ကို​ကြား​သော်​ငါ သည်​အ​မျက်​ထွက်​၍၊-

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​အ​မျက်​တော်​ထွက်​၍ ဆုံး​မ​တော်​မ​မူ​ပါ​နှင့်။ အ​မျက်​တော်​ထွက်​၍​အ​ပြစ်​ဒဏ်​ပေး​တော် မ​မူ​ပါ​နှင့်။

ထို​အ​ခါ​မော​ရှေ​က``ကိုယ်​တော်​မိန့်​တော်​မူ​သည် အ​တိုင်း ကျွန်ုပ်​သည်​ကိုယ်​တော်​ထံ​သို့​နောက်​တစ် ဖန်​မ​လာ​တော့​ပါ'' ဟု​လျှောက်​လေ​၏။

ရှင်​ဘု​ရင်​များ​သည်​သ​ခင်​သ​ဖွယ်​သင်​တို့​ကို စောင့်​ရှောက်​၍၊ မိ​ဖု​ရား​များ​သည်​လည်း​မိ​ခင်​သ​ဖွယ် ကျွေး​မွေး​ပြု​စု​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက် သင့်​အား​အ​လေး​ပြု​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​ကူ​မ​တော်​မူ​မည်​ကို​စောင့်​မျှော်​သူ​မှန် သ​မျှ​သည် စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​မိန့်​တော်​မူ​၏။

ငါ​သည်​သင့်​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​အား အ​ချင်း​ချင်း​သတ်​ဖြတ်​စေ​မည်။ ထို​အ​ခါ​ငါ​သည်​သင်​တို့​ကို​ကယ်​တင်​ရွေး​နုတ် တော်​မူ​သော​အ​ရှင်၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​လူ​အ​ပေါင်း​တို့ သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​တန်​ခိုး တော်​ရှင် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ကို သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မား​သော​တန်​ခိုး ဖြင့်​ငါ့​အ​ပေါ်​သက်​ရောက်​၍ ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ယူ​ဆောင်​သွား​တော်​မူ​သော​အ​ခါ ငါ သည်​စိတ်​နာ​စိတ်​ဆိုး​လျက်​လိုက်​ပါ​သွား​၏။-

ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​သည်​မိ​မိ​စိတ်​ကို မ​ချုပ်​တည်း​နိုင်​တော့​ဘဲ ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့် အ​ဗေ​ဒ​နေ​ဂေါ​တို့​အ​ပေါ်​တွင်​အ​မျက်​ထွက် ကာ​မျက်​နှာ​နီ​မြန်း​၍​လာ​တော်​မူ​၏။ ထို ကြောင့်​မင်း​ကြီး​သည်​မီး​ဖို​ကြီး​ကို​ခု​နစ်​ဆ မျှ​ပို​၍​ပူ​အောင်​မီး​ထိုး​စေ​တော်​မူ​ပြီး​လျှင်၊-

(မော​ရှေ​သည်​စိတ်​နှိမ့်​ချ​သူ​ဖြစ်​၏။ ကမ္ဘာ​ပေါ် တွင်​သူ​ကဲ့​သို့​စိတ်​နှိမ့်​ချ​သူ​တစ်​ယောက်​မျှ မ​ရှိ။)

ထို​သူ​တို့​မှာ​သ​နား​ကြင်​နာ​စိတ်​ကင်း​မဲ့​သည့် အ​တွက် ကိုယ်​တော်​သည်​ဝမ်း​နည်း​၍​အ​မျက်​ထွက် လျက်​သူ​တို့​အား​လှည့်​ကြည့်​တော်​မူ​ပြီး​လျှင် လက်​သေ​သူ​အား ``သင်​၏​လက်​ကို​ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။-

ထို​အ​ခါ​အ​ပြည်​ပြည်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​က `ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ပြည် ကို​အ​ဘယ်​ကြောင့်​ဖျက်​ဆီး​ပစ်​တော်​မူ သ​နည်း။ အ​ဘယ်​ကြောင့်​ဤ​မျှ​ကြောက်​မက် ဖွယ်​အ​မျက်​ထွက်​တော်​မူ​သ​နည်း' ဟု​မေး ကြ​လိမ့်​မည်။-

သူ​တို့​သည်​ငတ်​မွတ်၊ဖျား​နာ​၍​သေ​ကြ​လိမ့်​မည်။ ကြောက်​မက်​ဖွယ်​သော​ရော​ဂါ​များ​ဖြင့် သေ​ဆုံး​ကြ​လိမ့်​မည်။ သား​ရဲ​တိ​ရစ္ဆာန်​တို့​သည်​သူ​တို့​ကို ကိုက်​ဖြတ်​လိမ့်​မည်။ မြွေ​ဆိုး​တို့​သည်​သူ​တို့​ကို​ကိုက်​လိမ့်​မည်။

မော​ရှေ​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရှင်​ဘု​ရင် ၏​အ​မျက်​တော်​သင့်​မည်​ကို​မ​ကြောက်​ဘဲ​အီ​ဂျစ် ပြည်​မှ​ထွက်​ခွာ​ခဲ့​၏။ သူ​သည်​မျက်​စိ​ဖြင့်​မ​တွေ့ မ​မြင်​နိုင်​သော​ဘု​ရား​သ​ခင်​အား​တွေ့​မြင်​ရ ဘိ​သ​ကဲ့​သို့​နောက်​မ​ဆုတ်​ဘဲ​နေ​၏။-

နား​ထောင်​လော့။ မိ​မိ​တို့​ကိုယ်​ကို​ယု​ဒ​အ​မျိုး သား​များ​ဟု​လိမ်​လည်​ပြော​ဆို​နေ​သူ​စာ​တန် ၏​အ​ဖွဲ့​ဝင်​တို့​အား သင်​၏​ခြေ​ရင်း​သို့​လာ ရောက်​ပျပ်​ဝပ်​စေ​မည်။ သင့်​အား​ငါ​ချစ်​ကြောင်း ကို​သူ​တို့​သိ​ကြ​လိမ့်​မည်။-

ဗာ​ရက်​သည်​န​ဿ​လိ​အ​နွယ်​ဝင်​နှင့်​ဇာ​ဗု​လုန် အ​နွယ်​ဝင်​တို့​ကို ကေ​ဒေ​ရှ​မြို့​သို့​ခေါ်​ယူ​ရာ သူ​၏​နောက်​သို့​လူ​ပေါင်း​တစ်​သောင်း​လိုက်​ကြ ၏။ ဒေ​ဗော​ရ​သည်​လည်း​သူ​နှင့်​အ​တူ​လိုက် လေ​သည်။

ဂိ​ဒေါင်​သည်​သု​ကုတ်​မြို့​သို့​ရောက်​သော အ​ခါ​ထို​မြို့​သား​တို့​အား``ငါ​၏​တပ်​သား တို့​ကို​အ​စား​အ​စာ​အ​နည်း​ငယ်​ပေး​ကြ ပါ။ သူ​တို့​သည်​ပင်​ပန်း​နွမ်း​နယ်​လျက်​ရှိ ကြ​ပါ​၏။ ငါ​သည်​မိ​ဒျန်​ဘု​ရင်​ဇေဘဟ​နှင့် ဇာ​လ​မုန္န​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​နေ​ပါ သည်'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ