Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 11:4

Common Language Bible

ထို​နောက်​မော​ရှေ​က​ဘု​ရင်​အား``ထာ​ဝ​ရ ဘု​ရား​က `သန်း​ခေါင်​ယံ​အ​ချိန်​တွင် ငါ​သည် အီ​ဂျစ်​ပြည်​သား​တို့​ထံ​သို့​ကြွ​လာ​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​သစ်​ပင်​များ​ထိပ်​၌​စစ်​ချီ​သံ​ကို ကြား​သော​အ​ခါ​စ​တင်​တိုက်​ခိုက်​လော့။ ထို အ​ခါ​၌​ငါ​သည်​ဖိ​လိတ္တိ​တပ်​ကို​ချေ​မှုန်း ရန်​သင်​၏​ရှေ့​မှ​ကြွ​နှင့်​မည်''ဟု​မိန့်​တော်​မူ​၏။-

တခဏခြင်းတွင် သတ္တဝါတို့သည် သေတတ်ကြ၏။ သန်းခေါင်အချိန်၌ လူမျိုးတစုံတမျိုး တုန်လှုပ် ကွယ်ပျောက်၍၊ အားကြီးသောသူသော်လည်း အဘယ်သူ မျှမပြုဘဲ သုတ်သင်ပယ်ရှင်းခြင်းသို့ ရောက်တတ်၏။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အ​ကယ်​ပင် စွန့်​ပစ်​တော်​မူ​ပါ​ပြီ​လော။ ကျွန်​တော်​မျိုး​တို့​၏​စစ်​တပ်​များ​နှင့်​အ​တူ ချီ​တက်​တော်​မ​မူ​ဘဲ​နေ​ပါ​မည်​လော။

ကိုယ်​တော်​သည်​အီ​ဂျစ်​ပြည်​ကို​တိုက်​ခိုက်​တော် မူ​စဉ်​က ယင်း​အ​မိန့်​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပေး​တော်​မူ​၏။ မ​သိ​မ​ကျွမ်း​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။

``ထို​နေ့​ည​တွင်​ငါ​သည် အီ​ဂျစ်​ပြည်​ကို​ဖြတ် သန်း​ကြွ​သွား​၍ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​သား​ဦး ရှိ​သ​မျှ​တို့​ကို​သေ​ဒဏ်​ခတ်​၍ အီ​ဂျစ်​ပြည် ရှိ​ဘု​ရား​အ​ပေါင်း​တို့​ကို​ဒဏ်​စီ​ရင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား တို့​ကို​သေ​ဒဏ်​စီ​ရင်​ရန် အီ​ဂျစ်​ပြည်​ကို ဖြတ်​သန်း​ကြွ​သွား​သည့်​အ​ခါ​တံ​ခါး​ထုပ်၊ တံ​ခါး​တိုင်​တို့​တွင်​သွေး​ကို​မြင်​ရ​လျှင် သင် တို့​အ​သက်​ချမ်း​သာ​ရ​စေ​ရန် သေ​မင်း​တ​မန် အား သင်​တို့​၏​အိမ်​များ​ကို​ကျော်​သွား​စေ တော်​မူ​မည်။ သင်​တို့​၏​အိမ်​များ​ထဲ​သို့​ဝင်​၍ သင်​တို့​အား​သတ်​ခွင့်​ပေး​မည်​မ​ဟုတ်။-

သန်း​ခေါင်​အ​ချိန်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​ဘု​ရင်​၏​နန်း​လျာ​သား​ဦး​မှ​စ​၍ ထောင်​တွင်း​ရှိ အ​ကျဉ်း​သ​မား​သား​ဦး​တိုင် အောင်​အီ​ဂျစ်​ပြည်​ရှိ​သား​ဦး​မှန်​သ​မျှ​ကို လည်း​ကောင်း၊ တိ​ရစ္ဆာန်​တို့​၏​သား​ဦး​ဟူ​သ​မျှ ကို​လည်း​ကောင်း​သေ​ဒဏ်​စီ​ရင်​တော်​မူ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​သူ​ရဲ​ကောင်း​ကဲ့​သို့​စစ်​တိုက်​ရန် ထွက်​ကြွ​တော်​မူ​၏။ ကိုယ်​တော်​သည်​တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ရှိ​၍ စိတ်​စော​လျက်​နေ​တော်​မူ​၏။ ကိုယ်​တော်​သည်​စစ်​တိုက်​သံ​ကြွေး​ကြော်​လျက် မိ​မိ​၏ ရန်​သူ​တို့​အား​တန်​ခိုး​တော်​ကို​ပြ​တော်​မူ​၏။

``အီ​ဂျစ်​ပြည်​၌​ဖြစ်​စေ​သော​ကပ်​ဆိုး​ကို​သင် တို့​၌​လည်း​ဖြစ်​စေ​ခဲ့​ပြီ။ သင်​တို့​လူ​ငယ်​များ ကို​စစ်​တ​လင်း​၌​ငါ​သတ်​ခဲ့​ပြီ။ သင်​တို့​မြင်း များ​ကို​လည်း​သိမ်း​သွား​ခဲ့​ပြီ။ သင်​တို့​တပ် စ​ခန်း​များ​ကို​သင်​တို့​ဘက်​သား အ​လောင်း ကောင်​များ​၏​အ​ပုပ်​နံ့​ဖြင့်​နံ​စော်​စေ​ခဲ့​ပြီ။ သို့​သော်​လည်း​သင်​တို့​သည်​ငါ့​ထံ​သို့​ပြန် မ​လာ​သေး​ဘဲ​နေ​ကြ​လေ​ပြီ။

စ​ပျစ်​ခြံ​တိုင်း​မှ​ငို​ကြွေး​သံ​များ​ပေါ် ထွက်​လာ​မည်။ ငါ​သည်​သင်​တို့​ကို​အ​ပြစ် ပေး​ရန်​ကြွ​လာ​ပြီး​ဖြစ်​သော​ကြောင့် ဤ​သို့ ဖြစ်​ရ​လိမ့်​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။

သူ​တို့​အား​ပြည်​နှင်​ဒဏ်​ခံ​ရာ​မှ​လွတ် မြောက်​ရန် ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ရှေ့ ဆောင်​လမ်း​ပြ​တော်​မူ​မည်။ သူ​တို့​သည်​မြို့ တံ​ခါး​များ​ကို​ချိုး​ဖောက်​၍​လွတ်​မြောက် လာ​ကြ​မည်။ သူ​တို့​၏​ဘုရင်​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​သူ​တို့​ကို​ထုတ်​ဆောင်​တော် မူ​မည်။

``သန်း​ခေါင်​ယံ​၌`မင်္ဂ​လာ​ဆောင်​သ​တို့​သား​ရောက် လာ​ပြီ။ သွား​၍​ကြို​ဆို​ကြ​လော့' ဟူ​သော​ကြွေး ကြော်​သံ​ကို​ကြား​ရ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ