ထွက်မြောက် 10:23Common Language Bibleအီဂျစ်အမျိုးသားတို့သည်အချင်းချင်း တစ်ယောက်ကိုတစ်ယောက်မမြင်နိုင်ကြ သဖြင့် သုံးရက်ပတ်လုံးမည်သူမျှမိမိ နေအိမ်မှမထွက်ချေ။ ဣသရေလအမျိုး သားတို့နေထိုင်ရာအရပ်၌မူကား အလင်းရောင်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ငါ့ထံသို့အော်ဟစ်၍အကူအညီတောင်းခံ ကြသည်။ ထိုအခါငါသည်သူတို့နှင့်အီဂျစ် တပ်သားများအကြားတွင်အမှောင်ထုကို ကျစေ၏။ ရန်သူများအပေါ်သို့ပင်လယ်ရေ လွှမ်းစေသဖြင့် သူတို့သည်ရေနစ်သေဆုံး ကြကုန်၏။ ငါသည်အီဂျစ်ပြည်အားမည်ကဲ့ သို့ဆုံးမခဲ့သည်ကိုသင်တို့သိကြ၏။ ```သင်တို့သည်တောကန္တာရတွင်ကြာမြင့်စွာနေ ထိုင်ခဲ့ရကြ၏။-
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-