Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 10:20

Common Language Bible

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ကို ခေါင်း​မာ​စေ​သ​ဖြင့် သူ​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​သွား​ခွင့်​မ​ပြု​ဘဲ​နေ လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင် သည်​ဘု​ရင်​ထံ​သို့​သွား​လော့။ ငါ​သည်​အံ့​ဖွယ် သော​အ​မှု​တို့​ကို အီ​ဂျစ်​အ​မျိုး​သား​တို့​တွင် ပြ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ​တို့​အား​ပြ​သည့် အံ့​ဖွယ်​သော​အ​မှု​များ​အ​ကြောင်း​ကို သင် တို့​၏​သား​မြေး​တို့​အား​ပြော​ပြ​နိုင်​ခြင်း ငှာ​လည်း​ကောင်း ငါ​သည်​ဘု​ရင်​နှင့်​သူ​၏ မှူး​မတ်​တို့​ကို​ခေါင်း​မာ​စေ​၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​သင်​တို့ အား​လုံး​သိ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​လေ​ကို​အ​နောက် လေ​ပြင်း​အ​ဖြစ်​သို့​ပြောင်း​လဲ​တိုက်​ခတ်​စေ သ​ဖြင့် ကျိုင်း​ကောင်​တို့​ကို​လေ​နှင့်​ဆောင်​ယူ​ပြီး လျှင်​ပင်​လယ်​နီ​ထဲ​သို့​ကျ​စေ​၏။ အီ​ဂျစ်​ပြည် တစ်​လျှောက်​လုံး​တွင်​ကျိုင်း​ကောင်​တစ်​ကောင် မျှ​မ​ကျန်​တော့​ချေ။-

ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​အား​ခေါင်း​မာ​စေ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​သွား ခွင့်​မ​ပြု​ဘဲ​နေ​ပြန်​၏။-

မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ဘု​ရင်​ရှေ့​၌​အံ့ ဖွယ်​သော​အ​မှု​တို့​ကို​ပြ​သော်​လည်း ထာ​ဝ​ရ ဘု​ရား​သည်​သူ့​ကို​ခေါင်း​မာ​စေ​သ​ဖြင့် ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​တိုင်း​ပြည် မှ​ထွက်​ခွင့်​မ​ပြု​ဘဲ​နေ​သ​တည်း။

အီ​ဂျစ်​ဘု​ရင်​သည်၊ အင်​အား​ကြီး​မား​သော လက်​တော်​ဖြင့်​တိုက်​တွန်း​ခြင်း​မ​ပြု​လျှင် သင် တို့​အား​သွား​ခွင့်​ပြု​မည်​မ​ဟုတ်​ကြောင်း​ငါ သိ​၏။-

ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင်​သည် ယ​ခု​အီ​ဂျစ်​ပြည်​သို့​ပြန်​မည်​ဖြစ်​ရာ၊ သင့် အား​ငါ​ပေး​ထား​သော​တန်​ခိုး​ဖြင့်​ဖာ​ရော ဘု​ရင်​ရှေ့​၌​အံ့​သြ​ဖွယ်​သော​အ​မှု​တို့​ကို ပြု​လော့။ ငါ​သည်​သူ့​စိတ်​ကို​ခိုင်​မာ​စေ​သ​ဖြင့်၊ သူ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သွား ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်။-

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဘုရင်​ကို ခေါင်း​မာ​စေ​သ​ဖြင့် မော​ရှေ​အား​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သွား​ခွင့် မ​ပြု​ဘဲ​နေ​လေ​၏။

သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​သ​နား​လို​သူ​ကို သ​နား​တော်​မူ​၍ မိ​မိ​ခေါင်း​မာ​စေ​လို​သူ​ကို ခေါင်း​မာ​စေ​တော်​မူ​၏။

``သို့​သော်​လည်း​ရှိ​ဟုန်​ဘု​ရင်​သည် ငါ​တို့​အား သူ​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​မ​ပေး။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​မင်း ကို​ခေါင်း​မာ​စေ​တော်​မူ​သ​ဖြင့် ငါ​တို့​သည်​သူ့ ကို​တိုက်​ခိုက်​အောင်​မြင်​၍ သူ​၏​ပြည်​ကို​သိမ်း ပိုက်​ကာ​ယ​နေ့​တိုင်​နေ​ထိုင်​လျက်​ရှိ​ကြ​သည်။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ