ထွက်မြောက် 10:16Common Language Bibleထိုအခါဘုရင်သည်မောရှေနှင့်အာရုန်တို့ ကို အလျင်အမြန်ခေါ်၍``ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားနှင့်သင်တို့ ကိုပြစ်မှားမိပါပြီ။- အခန်းကိုကြည့်ပါ။ |
လူတို့အားဒဏ်ခတ်သောကောင်းကင်တမန် ကိုဒါဝိဒ်မြင်သောအခါ``အပြစ်ရှိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဒုစရိုက်ပြုမိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဤသူတို့သည်အဘယ် ပြစ်မှုကိုပြုမိကြပါသနည်း။ ကိုယ်တော် ရှင်သည်အကျွန်ုပ်နှင့်အိမ်ထောင်စုကိုသာ အပြစ်ပေးတော်မူသင့်ပါ၏'' ဟုထာဝရ ဘုရားအားလျှောက်၏။
ထိုကြောင့်လူများသည်မောရှေထံသို့လာ ၍``အကျွန်ုပ်တို့သည်ထာဝရဘုရားနှင့်ကိုယ် တော်ကို ဆန့်ကျင်ပြောဆို၍ပြစ်မှားမိပါပြီ။ ဤမြွေများကိုဖယ်ရှားပစ်ရန်ထာဝရဘုရား ထံဆုတောင်းပေးပါလော့'' ဟုတောင်းပန်ကြ၏။ သို့ဖြစ်၍မောရှေသည် သူတို့အတွက်ထာဝရ ဘုရားထံဆုတောင်းလေ၏။-
ရှောလုက``အကျွန်ုပ်သည်အပြစ်ကူးလွန်မိပါ ပြီ။ သို့ရာတွင်ယုတ်စွအဆုံးအကျွန်ုပ်၏အမျိုး သားခေါင်းဆောင်များရှေ့၌လည်းကောင်း၊ ဣသရေလ အမျိုးသားတစ်ရပ်လုံး၏ရှေ့၌လည်းကောင်း အကျွန်ုပ် ၏ဂုဏ်အသရေမပျက်စေဘဲ အကျွန်ုပ်သည်အရှင် ၏ဘုရားသခင်ထာဝရဘုရားအားဝတ်ပြုကိုး ကွယ်နိုင်ရန်အကျွန်ုပ်နှင့်အတူအရှင်ပြန်၍ လိုက်ခဲ့ပါ'' ဟုတောင်းပန်၏။-
ရှောလုကလည်း``ငါမှားလေပြီ။ ငါ့သားဒါဝိဒ်၊ ငါ့ထံသို့ပြန်ခဲ့လော့။ သင်သည်ယနေ့ညငါ၏ အသက်ကိုချမ်းသာပေးခဲ့သဖြင့် ငါသည်သင့် အားနောင်အဘယ်အခါ၌မျှဘေးအန္တရာယ် ပြုတော့မည်မဟုတ်။ ငါသည်မိုက်မဲသူဖြစ် ချေပြီ။ အလွန်ဆိုးရွားသည့်အမှုကိုပြုမိ လေပြီတကား'' ဟုမိန့်တော်မူ၏။