ထွက်မြောက် 10:12Common Language Bibleထိုနောက်ထာဝရဘုရားကမောရှေအား``အီ ဂျစ်ပြည်သို့ကျိုင်းကောင်များရောက်ရှိလာစေ ရန်သင်၏လက်ကိုဆန့်လော့။ ကျိုင်းကောင်များ သည်ရောက်လာ၍မိုးသီးဒဏ်ကြောင့်မပျက် စီးဘဲ ကျန်ရှိနေသမျှသောအပင်တို့ကို စားပစ်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
ကျိုင်းကောင်များသည်မြေတစ်ပြင်လုံးကို ဖုံးလွှမ်းသဖြင့် မြေပြင်သည်ကျိုင်းကောင်များ ဖြင့်မည်းနက်လျက်ရှိ၏။ ယင်းတို့သည်တိုင်း ပြည်၌မိုးသီးဒဏ်ကြောင့်မပျက်စီးဘဲ ကျန် ကြွင်းသမျှသောအပင်နှင့်သစ်သီးတို့ကို စားကြ၏။ အီဂျစ်ပြည်တစ်လျှောက်လုံးတွင် အပင်ကြီးငယ်တို့၌အရွက်စိမ်းဟူ၍ မကျန်တော့ချေ။
တစ်ဖန်ထာဝရဘုရားက မောရှေကိုမိန့်တော် မူသည်မှာ ``အာရုန်အား သင်သည်အီဂျစ်ပြည် တွင်ရှိသမျှသော မြစ်၊ ချောင်း၊ အင်း၊ အိုင်ရေ လှောင်ကန်တို့၏ရေပေါ်၌ တောင်ဝှေးကိုကိုင်၍ လက်ဆန့်လော့။ တစ်ပြည်လုံးတွင်သစ်သားခွက်၊ ကျောက်ခွက်တို့ပါမကျန်ရှိသမျှသောရေ တို့သည်သွေးဖြစ်လိမ့်မည်' ဟုပြောလော့'' ဟူ၍မိန့်တော်မူ၏။