ထို့ကြောင့် ဣသရေလအမျိုးသားတို့အား ကျွန်အဖြစ်အတင်းအကြပ်စေခိုင်း၍ညှဉ်းဆဲကြ၏။
ထာဝရဘုရားကသူ့အား ``သင်၏အမျိုး အနွယ်တို့သည် သူတစ်ပါး၏နိုင်ငံ၌သူစိမ်း တစ်ရံဆံအဖြစ်နေထိုင်ရကြမည်။ ထိုအရပ် တွင်သူတို့သည်နှစ်ပေါင်းလေးရာကျွန်အဖြစ် ဖြင့်နှိပ်စက်ညှင်းဆဲခြင်းကိုခံရကြမည်။-
လူငယ်လူရွယ်တို့ပေးသည့်အကြံအတိုင်းထို သူတို့အား``ငါ့ခမည်းတော်တင်သောဝန်လေး သည်မှန်၏။ ငါတင်သောဝန်ကားထိုထက်ပင်ပို ၍လေးလိမ့်မည်။ သူသည်သင်တို့အားကြိမ်နှင့် ရိုက်၏။ ငါမူကားကြာပွတ်နှင့်ရိုက်အံ့'' ဟု ခက်ထန်စွာဖြေကြားတော်မူ၏။-
ငါ့ခမည်းတော်သည်သင်တို့အပေါ်လေးလံ သောထမ်းပိုးကိုတင်၏။ ငါမူကားထိုထက်ပင် ပို၍လေးလံသောထမ်းပိုးကိုတင်အံ့။ သူသည် သင်တို့အားကြိမ်လုံးနှင့်ရိုက်၏။ ငါမူကား ကြာပွတ်နှင့်ရိုက်အံ့' ဟုပြန်ပြောသင့်ပါသည်'' ဟုလျှောက်ကြ၏။
ကိုယ်တော်သည်အီဂျစ်အမျိုးသားတို့၏စိတ်ကို ပြောင်းလဲစေသဖြင့် သူတို့သည်ကိုယ်တော်၏လူစုတော်အားမုန်း၍ လိမ်လည်လှည့်ဖျားကြ၏။
ဆောက်လုပ်ရေး၌လည်းကောင်း၊ လယ်ယာလုပ်ငန်း၌လည်းကောင်း မညှာမတာဘဲပင်ပန်းကြီးစွာလုပ်ဆောင်စေကြ၏။
ဆင်းရဲသားတို့ကို အုပ်စိုးသော အဓမ္မမင်းသည် ဟောက်သောခြင်္သေ့၊ လှည့်လည်သောဝံနှင့်တူ၏။
သူတို့အပေါ်ညှာတာထောက်ထားသော သဘောထားရှိရမည်။ သင်တို့သည် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေရမည်။-
သင်တို့သည်ကားမီးပြင်းဖိုသဖွယ်ဖြစ် သောအီဂျစ်ပြည်ထဲမှ ထာဝရဘုရားထုတ် ဆောင်ခဲ့သောလူမျိုးဖြစ်၏။ ကိုယ်တော်၏လူ မျိုးတော်ဖြစ်စေရန် သင်တို့ကိုထုတ်ဆောင်ခဲ့ တော်မူ၏။ သို့ဖြစ်၍သင်တို့သည်ကိုယ်တော် ၏လူမျိုးတော်အဖြစ် ယနေ့ရပ်တည်လျက် ရှိကြသည်။-