တရားဟော 9:27Common Language Bibleကိုယ်တော်၏အစေခံများဖြစ်သောအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ကိုအောက်မေ့သတိရတော် မူ၍ ဤလူမျိုးတော်၏ခေါင်းမာမှု၊ မိုက်မဲမှု၊ အပြစ်ကူးလွန်မှုတို့ကိုသည်းခံတော်မူပါ။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ခါနန်အမျိုးသား၊ ဟိတ္တိ အမျိုးသား၊ အာမောရိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင် ရာပြည်ကို သင်တို့အားပေးမည်ဟုသင်တို့၏ ဘိုးဘေးတို့ကိုခိုင်မြဲသောသစ္စာကတိထား တော်မူခဲ့၏။ ကိုယ်တော်ပို့ဆောင်၍သင်တို့သည် အစာရေစာပေါကြွယ်ဝ၍မြေသြဇာထက် သန်သောပြည်သို့ရောက်ရှိသောအခါ နှစ်စဉ် ပထမလတွင်ဤပွဲတော်ကိုကျင်းပရမည်။-
သင်သွား၍ဣသရေလအမျိုးသားခေါင်း ဆောင်တို့ကိုစုရုံးလျက် သူတို့အားသင်တို့ ဘိုးဘေးတို့၏ထာဝရဘုရား၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသောထာဝရဘုရားကိုဖူးမြင် ရ၍၊ ထိုဘုရားကသင်တို့အားငါသည်သင် တို့ထံသို့ကြွလာလျက်အီဂျစ်အမျိုးသား တို့ကသင်တို့အားပြုသောအမှုကိုမြင် ရပြီ။-
ကိုယ်တော်၏ကျွန်အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ကိုအောက်မေ့သတိရတော်မူ ပါ။ ကိုယ်တော်သည်သူတို့၏အဆက်အနွယ် တို့ကိုမိုးကောင်းကင်ကြယ်များကဲ့သို့ ပွား များစေမည်ဖြစ်ကြောင်းနှင့်ကိုယ်တော်ရှင် ကတိထားတော်မူသော ထိုပြည်အားလုံး ကိုသူတို့၏အဆက်အနွယ်တို့အား ထာဝစဉ်ပိုင်ဆိုင်ရန်ပေးမည်ဖြစ်ကြောင်း ကိုသတိရတော်မူပါ။-''
ကိုယ်တော်ရှင်၏နာမတော်ကိုထောက်၍ ကျွန်တော်မျိုးတို့အားစက်ဆုပ်ရွံရှာတော်မမူ ပါနှင့်။ ကိုယ်တော်ရှင်၏ဘုန်းအသရေကိုဆောင်သည့် ရာဇပလ္လင်တည်းဟူသောယေရုရှလင်မြို့ကို အသရေပျက်စေတော်မမူပါနှင့်။ ကိုယ်တော်ရှင်ကျွန်တော်မျိုးတို့နှင့်ပြုတော် မူသော ပဋိညာဉ်ကိုဖျက်တော်မမူပါနှင့်။
ထိုအချိန်ကာလကျရောက်လာသောအခါ ငါသည်မိမိအသက်ရှင်ခွင့်ပေးထားသူတို့ ၏အပြစ်များကိုဖြေလွတ်ဖြေရှင်းမည်ဖြစ် ၍ ဣသရေလပြည်တွင်အပြစ်ဒုစရိုက်တစ် စုံတစ်ခုမျှတွေ့ရှိရလိမ့်မည်မဟုတ်။ ယုဒ ပြည်တွင်လည်းဆိုးညစ်မှုတစ်စုံတစ်ရာမျှ တွေ့ရှိရလိမ့်မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။