Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 9:21

Common Language Bible

ငါ​သည်​သင်​တို့​အား​အ​ပြစ်​ရောက်​စေ​သည့် နွား​ရုပ်​တု​ကို မီး​ထဲ​သို့​ပစ်​ချ​လိုက်​၏။ ထို့ နောက်​နွား​ရုပ်​တု​ကို​အ​မှုန့်​ဖြစ်​အောင်​ထု ထောင်း​၍ အ​မှုန့်​ကို​တောင်​ကျ​ချောင်း​ထဲ​သို့ သွန်း​ချ​ခဲ့​၏။''

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​၏​အ​ဖွား​မာ​ခါ​၏​ထံ​မှ​လည်း​မယ်​တော် ဘု​ရင်​မ​ရာ​ထူး​ကို​နုတ်​သိမ်း​တော်​မူ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မာ​ခါ​သည်​အ​သီး​အ​နှံ ဖွံ့​ဖြိုး​မှု​ဆိုင်​ရာ အာ​ရှ​ရ​ဘု​ရား​မ​အား​ဝတ်​ပြု ကိုး​ကွယ်​ရန်​အ​တွက် ရှု​မ​ကောင်း​မြင်​မ​ကောင်း​သော ရုပ်​တု​ကို​ပြု​လုပ်​ထား​သော​ကြောင့်​ဖြစ်​၏။ အာ​သ သည်​ထို​ရုပ်​တု​ကို​ခုတ်​ပြီး​လျှင်​ကေ​ဒြုန်​ချောင်း အ​နီး​တွင်​မီး​ရှို့​ပစ်​တော်​မူ​၏။-

မြောက်​ဘက်​နိုင်​ငံ​တစ်​လျှောက်​လုံး​၌​ယဇ်​ပလ္လင် များ​နှင့်​တံ​ခွန်​တိုင်​များ​ကို​ဖြို​ဖျက်​တော် မူ​၏။ ရုပ်​တု​များ​ကို​ညက်​ညက်​ချေ​၍​နံ့​သာ ပေါင်း​မီး​ရှို့​ရာ​ယဇ်​များ​ကို​လည်း​အ​ပိုင်း ပိုင်း​ချိုး​ဖဲ့​ပြီး​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန် တော်​မူ​၏။

သူ​သည်​သူ​တို့​လုပ်​သော​နွား​ရုပ်​ကို​အ​ရည် ကျို​၍၊ အ​မှုန့်​ထောင်း​ပြီး​လျှင်၊ အ​မှုန့်​ကို​ရေ ပေါ်​၌​ဖြူး​လေ​၏။ ထို​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ထို​ရေ​ကို​သောက်​စေ​၏။-

သင်​တို့​သည်​ငွေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ရုပ်​တု များ​နှင့်​ရွှေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ရုပ်​တု​များ ကို​ယူ​၍``ငါ​တို့​မျက်​မှောက်​မှ​သွား​ကြ​ပေ တော့'' ဟု​ဆို​ကာ၊ အ​ညစ်​အ​ကြေး​သ​ဖွယ် ပစ်​ထုတ်​လိုက်​လိမ့်​မည်။-

သင်​တို့​အား​လုံး​ပင်​မိ​မိ​တို့​သွန်း​လုပ်​ထား သော​ညစ်​ညမ်း​သည့်​ရွှေ၊ ငွေ​ရုပ်​တု​များ​ကို​ပစ် ထုတ်​လိုက်​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။-

``အ​ပြစ်​ဖြေ​ရန်​အ​တွက်​ဣ​သ​ရေ​လ​ပြည် သား​တို့​ယဇ်​ပလ္လင်​များ​များ​တည်​ဆောက် လေ​လေ အ​ပြစ်​ပြု​ရာ​နေ​ရာ​များ​လေ​လေ ဖြစ်​လာ​လေ​ပြီ။-

ရုပ်​တု​ရှိ​သ​မျှ​ကို​ကျိုး​ပဲ့​ကြေ​မွ​စေ​မည်။ ရုပ်​တု​တို့​အား​ပူ​ဇော်​သော​လက်​ဆောင်​ပစ္စည်း ရှိ​သ​မျှ​ကို​မီး​ရှို့​ဖျက်​ဆီး​မည်။ ရုပ်​တု​ရှိ သ​မျှ​ကို​အ​မှိုက်​ပုံ​ဖြစ်​စေ​မည်။ ရှ​မာ​ရိ မြို့​သည်​ဤ​အ​ရာ​များ​ကို​ရုပ်​တု​ကိုး​ကွယ် မှု​ဖြင့်​စု​ဆောင်း​ရ​ရှိ​၏။ ဘု​ရား​ကျောင်း ပြည့်​တန်​ဆာ​လုပ်​ငန်း​နှင့် ရန်​သူ​များ​သည် ယင်း​တို့​ကို​ကိုး​ကွယ်​ရန်​သိမ်း​ယူ​သွား ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​အာရုန်​ကို​လည်း​အ​မျက် တော်​ထွက်​သ​ဖြင့် အ​ဆုံး​စီ​ရင်​ရန်​အ​ကြံ​တော် ရှိ​၏။ ထို့​ကြောင့်​ငါ​သည် အာ​ရုန်​အ​တွက်​ကို လည်း​တောင်း​ပန်​လျှောက်​ထား​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ