Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 9:19

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အား​သေ​ကြေ ပျက်​စီး​စေ​မည့်​အ​မျက်​တော်​ကို​ငါ​ကြောက်​၏။ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​၏ တောင်း​ပန်​လျှောက်​ထား​ခြင်း​ကို​တစ်​ဖန် နား​ညောင်း​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​သိ​နာ​တောင်​အ​နီး​တွင် ရွှေ​ဖြင့်​နွား​သ​ငယ်​ရုပ်​ကို​သွန်း​လုပ်​ကြ​ပြီး နောက် ရှိ​ခိုး​ကြ​၏။

ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​တော်​အား သုတ်​သင်​ဖျက်​ဆီး​တော်​မူ​မည်​ဟု​မိန့်​တော်​မူ သော​အ​ခါ ကိုယ်​တော်​ရွေး​ချယ်​တော်​မူ​သည့်​အ​စေ​ခံ မော​ရှေ​သည် ဆီး​တား​သ​ဖြင့် အ​မျက်​တော်​ထွက်​၍​ထို​သူ​တို့​အား​သုတ်​သင် ဖျက်​ဆီး​တော်​မ​မူ။

မိ​မိ​၏​လူ​စု​တော်​ယင်း​သို့​ပြု​ကြ​သည်​ကို တွေ့​မြင်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​သည်​အ​မျက်​ထွက်​လျက်​သူ​တို့​အား လုံး​လုံး​စွန့်​ပစ်​တော်​မူ​၏။

မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ကိုယ်​တော်​၏ ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​၏။ ရှ​မွေ​လ​သည်​လည်း​ကိုယ်​တော်​အား​ဆု​တောင်း ပတ္ထ​နာ​ပြု​သူ​တစ်​ဦး​ဖြစ်​ပေ​သည်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပတ္ထနာ​ပြု​သော​အ​ခါ​ကိုယ်​တော် သည် နား​ညောင်း​တော်​မူ​၏။

ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ပြေ​၍၊ မိ​မိ​လူ​မျိုး​တော်​အား​ပေး မည့်​အ​ပြစ်​ဒဏ်​မှ​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့် ရ​စေ​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ငါ​သည် သင့်​ကို​ရင်း​နှီး​စွာ​သိ​၍​နှစ်​သက်​သ​ဖြင့်၊ သင်​တောင်း​လျှောက်​သည့်​အ​တိုင်း​ငါ​ပြု မည်'' ဟု​မိန့်​တော်​မူ​၏။

ထာ​ဝရ​ဘု​ရား​က​မော​ရှေ​အား``ငါ​သည်​ယ​ခု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု မည်။ ငါ​သည်​သူ​တို့​၏​မျက်​မှောက်​တွင်​ကမ္ဘာ​ပေါ် ရှိ​မည်​သည့်​နိုင်​ငံ​တွင်​မျှ​မ​ပြု​ဘူး​သော​ကြီး မား​သော​အ​ရာ​များ​ကို​ငါ​ပြု​မည်။ ငါ​ထာ​ဝရ ဘု​ရား​သည်​ကြီး​မား​သော​အ​ရာ​များ​ကို​ပြု နိုင်​ကြောင်း​လူ​အ​ပေါင်း​တို့​မြင်​ကြ​ရ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​သင်​တို့ အ​တွက်​ကြောက်​မက်​ဖွယ်​ရာ​အ​မှု​ကို ပြု​မည်။-

ထို​အ​ခါ​လူ​တို့​သည်​မော​ရှေ​အား​အော်​ဟစ်​၍ အ​ကူ​အ​ညီ​တောင်း​ခံ​၏။ မော​ရှေ​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​သ​ဖြင့်​မီး​ငြိမ်း​သွား လေ​သည်။-

``ငါ​သည်​ပ​ထ​မ​အ​ကြိမ်​ကဲ့​သို့ တောင်​ပေါ် တွင်​ရက်​ပေါင်း​လေး​ဆယ်​ပတ်​လုံး​နေ​ခဲ့​သည်။ သင်​တို့​အား​မ​သုတ်​သင်​မ​ဖျက်​ဆီး​ပစ်​ရန် ငါ​တောင်း​ပန်​လျှောက်​ထား​ချက်​ကို​ထာ​ဝ​ရ ဘု​ရား​သည် ဤ​တစ်​ကြိမ်​၌​လည်း​နား​ညောင်း လက်​ခံ​တော်​မူ​၏။-

အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​အ​မျက် ထွက်​၍ မိုး​ကို​မ​ရွာ​စေ​သ​ဖြင့်​လယ်​မြေ​များ ခြောက်​သွေ့​၍ အ​သီး​အ​နှံ​များ​မ​ဖြစ်​ထွန်း နိုင်​ရှိ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ပေး သ​နား​တော်​မူ​သော​ပြည်​သည်​ကောင်း​မွန်​သော် လည်း သင်​တို့​သည်​မ​ကြာ​မီ​သေ​ကြေ​ပျက်​စီး ကြ​လိမ့်​မည်။''

ထာ​ဝ​ရ​ဘု​ရား​သည်​အာရုန်​ကို​လည်း​အ​မျက် တော်​ထွက်​သ​ဖြင့် အ​ဆုံး​စီ​ရင်​ရန်​အ​ကြံ​တော် ရှိ​၏။ ထို့​ကြောင့်​ငါ​သည် အာ​ရုန်​အ​တွက်​ကို လည်း​တောင်း​ပန်​လျှောက်​ထား​၏။-

သိနာ​တောင်​မှာ​ပင်​ကိုယ်​တော်​ကို သင်​တို့​အား သေ​ကြေ​ပျက်​စီး​စေ​လောက်​အောင်​အ​မျက် တော်​ထွက်​စေ​ခဲ့​ကြ​၏။-

ထို​မြင်​ကွင်း​တစ်​ခု​လုံး​သည်​အ​လွန်​ထိတ် လန့်​ဖွယ်​ကောင်း​သ​ဖြင့်​မော​ရှေ​က``ငါ​သည် ကြောက်​လန့်​တုန်​လှုပ်​လျက်​နေ​၏'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ