ထို့ကြောင့်ငါသည်သင်တို့ရှေ့တွင်ကျောက်ပြား များကိုပစ်ချသဖြင့် ကျောက်ပြားများကျိုး ပဲ့ကြေမွကုန်၏။-
မောရှေသည်စခန်းအနီးသို့ရောက်ရှိသော အခါ၊ နွားငယ်ရုပ်ကိုလည်းကောင်း၊ လူများ ကခုန်နေသည်ကိုလည်းကောင်း၊ တွေ့မြင်ရ လျှင်၊ အလွန်အမျက်ထွက်သဖြင့်၊ သူယူ ဆောင်ခဲ့သောကျောက်ပြားများကိုတောင် ခြေရင်း၌ပစ်ချလိုက်ရာအပိုင်းပိုင်းကျိုး ကုန်၏။-
သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားမိန့်မှာသောပညတ်တော်ကိုနားမထောင် ဘဲ သင်တို့ကိုးကွယ်ရန်နွားသူငယ်ရုပ်တုကို သွန်းလုပ်သဖြင့် ထာဝရဘုရားအားပြစ်မှား ကြသည်ကိုငါတွေ့မြင်ရ၏။-
သင်တို့သည်ထာဝရဘုရားအားပြစ်မှား၍ အမျက်တော်ထွက်စေသောကြောင့် ငါသည်တစ်ဖန် ထာဝရဘုရား၏ရှေ့တော်၌ရက်ပေါင်းလေး ဆယ်ပတ်လုံး မစားမသောက်ဘဲပျပ်ဝပ်လျက် နေခဲ့၏။-