တရားဟော 9:10Common Language Bibleထိုနောက်ထာဝရဘုရားသည် ကျောက်ပြားနှစ် ချပ်ကိုငါ့အားပေးတော်မူသည်။ ယင်းကျောက် ပြားများသည်သင်တို့တောင်ခြေတွင်စုရုံး ကြသောနေ့၌ ထာဝရဘုရားမီးထဲမှမိန့် ကြားသောပညတ်တော်များကို မိမိလက်တော် ဖြင့်အက္ခရာတင်ထားသည့်ကျောက်ပြားများ ဖြစ်သည်။- အခန်းကိုကြည့်ပါ။ |
ထို့နောက်ထာဝရဘုရားသည် သင်တို့တောင် ခြေတွင်စုရုံးသောနေ့က မီးထဲမှသင်တို့အား မိန့်တော်မူသောပညတ်တော်ဆယ်ပါးကို ယခင် ကျောက်ပြားများပေါ်တွင်ရေးသားတော်မူ သည်အတိုင်း ထိုကျောက်ပြားများပေါ်တွင် ရေးသားတော်မူ၏။ ထာဝရဘုရားသည် ထို ကျောက်ပြားများကိုငါ့အားပေးတော်မူ၏။-
``သင်တို့သည်သိနာတောင်တွင်စုရုံးရောက် ရှိသောနေ့၌ ထာဝရဘုရား၏စကားသံ ကိုနောက်တစ်ဖန်မကြားပါရစေနှင့်။ မီးလျှံ ကြီးကိုလည်း နောက်တစ်ဖန်မမြင်ပါရစေ နှင့်ဟူ၍တောင်းပန်ခဲ့ကြ၏။ ကိုယ်တော်၏ အသံတော်နှင့်မီးလျှံကိုကြားရမြင်ရ လျှင် သင်တို့သေမည်ကိုစိုးရိမ်သောကြောင့် ယင်းသို့တောင်းပန်ခြင်းဖြစ်၏။-