တရားဟော 8:15Common Language Bibleကိုယ်တော်သည်သင်တို့အားမြွေဆိုးနှင့်ကင်းမီး ကောက်ပေါ၍ ကျယ်ဝန်းကြောက်မက်ဖွယ်ကောင်း သောတောကန္တာရကိုဖြတ်သန်းပို့ဆောင်တော် မူခဲ့၏။ ခြောက်သွေ့၍ရေမရှိသောအရပ်တွင် ကိုယ်တော်သည်ကျောက်ဆောင်မှရေကိုထွက်စေ တော်မူ၏။- အခန်းကိုကြည့်ပါ။ |
ဤဗျာဒိတ်တော်သည်တောင်ပိုင်းသဲကန္တာရ တွင်ရှိသည့် တိရစ္ဆာန်များနှင့်သက်ဆိုင်သော ဗျာဒိတ်တော်ဖြစ်၏။ ကိုယ်တော်က``သံတမန် တို့သည်ခြင်္သေ့များခိုအောင်းရာ၊ မြွေဆိုးများ၊ နဂါးပျံများရှိ၍ဘေးအန္တရာယ်ပေါများ ရာအရပ်ကိုဖြတ်၍သွားရကြ၏။ ထိုသူတို့ သည်မိမိတို့အားအဘယ်အကူအညီမျှ မပေးနိုင်သည့်လူမျိုးအတွက် အဖိုးထိုက် လက်ဆောင်ပဏ္ဏာများကိုမြည်းများ၊ ကုလား အုတ်များနှင့်တင်ယူလာကြ၏။-
ငါသည်သူတို့အားအီဂျစ်ပြည်မှကယ်ဆယ် ကာ တောကန္တာရတစ်လျှောက်လုံး၊သဲကန္တာရများ၊ မြေတွင်းများနှင့်ပြည့်နှက်လျက်နေသောပြည်၊ ခြောက်ကပ်၍ဘေးအန္တရာယ်များသောပြည်၊ လူသူဆိတ်ညံလျက် ခရီးသည်မရှိသည့်ပြည်ကိုဖြတ်၍ လမ်းပြပို့ဆောင်ပေးခဲ့သော်လည်းသူတို့သည် ငါ့ကိုဂရုမစိုက်ကြ။
``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ငါတို့လိုက်နာကြ၏။ ငါတို့သည်သိနာတောင်မှထွက်ခွာခဲ့ပြီး နောက် အပြောကျယ်၍ကြောက်မက်ဖွယ်ကောင်း သောတောကန္တာရကိုဖြတ်သန်းလျက် တောင် ထူထပ်သောအာမောရိပြည်သို့ဦးတည် ခရီးပြုခဲ့ကြ၏။ ငါတို့သည်ကာဒေရှ ဗာနာအရပ်သို့ရောက်သောအခါ၊-