တရားဟော 7:16Common Language Bibleသင်တို့၏ဘုရားသခင်ထာဝရဘုရားက သင် တို့၏လက်သို့အပ်တော်မူသောလူမျိုးရှိသမျှ ကို သင်တို့သည်သုတ်သင်ဖျက်ဆီးပစ်ရမည်။ ထို သူတို့အားမသနားမညှာတာရ။ ထိုသူတို့ ၏ဘုရားများကိုဝတ်မပြုရ။ ဝတ်ပြုလျှင် သင်တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့် မည်။'' အခန်းကိုကြည့်ပါ။ |
စစ်မက်အန္တရာယ်၊ အစာငတ်မွတ်ခေါင်းပါး ခြင်းဘေးနှင့်အနာရောဂါဘေးဖြင့်မသေ ဘဲ ကျန်ရှိနေသူယုဒဘုရင်ဇေဒကိ၊ သူ၏ မှူးမတ်များနှင့်ပြည်သူတို့ကိုမူကား မိမိ တို့ကိုသတ်လိုသူရန်သူများနှင့်နေဗုခဒ် နေဇာ၏လက်တွင်အဖမ်းခံရစေမည်။ နေ ဗုခဒ်နေဇာသည်လည်းသူတို့အားကွပ်မျက် စေလိမ့်မည်။ အဘယ်သူကိုမျှအသက်ချမ်း သာပေးလိမ့်မည်မဟုတ်။ အဘယ်သူကိုမျှ သနားကရုဏာပြလိမ့်မည်မဟုတ်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
သူတို့၏ရုပ်တုများကိုမီးရှို့ပစ်လော့။ ထိုရုပ်တု များတွင်မွမ်းမံထားသောရွှေငွေကိုတပ်မက်၍ သင်တို့အဖို့မယူကြနှင့်။ ထာဝရဘုရားသည် ရုပ်တုကိုးကွယ်ခြင်းကိုရွံရှာမုန်းတီးတော်မူ သဖြင့် ရုပ်တုများမှရွှေငွေကိုယူမိလျှင်သင် တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့်မည်။-
ထိုသူအပေါင်းတို့ကိုမသနားမညှာတာ ဘဲအကုန်အစင်သုတ်သင်သတ်ဖြတ်ပစ်စေ ရန် ထာဝရဘုရားသည်ထိုသူအပေါင်းတို့ အားဇွဲသန်သန်ဖြင့် ဣသရေလအမျိုးသား တို့ကိုခုခံတိုက်ခိုက်စေတော်မူ၏။ ထိုသူတို့ ကိုအကုန်အစင်သုတ်သင်ရခြင်းမှာမောရှေ အားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်းဖြစ်သတည်း။
သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်၊ မိမိတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့တော်မူသောဘုရားသခင်ထာဝရဘုရား အား ကိုးကွယ်မှုမပြုကြတော့ဘဲမိမိတို့ ပတ်ဝန်းကျင်မှ လူတို့ကိုးကွယ်သောဘုရား များကိုကိုးကွယ်ကြလေသည်။ သူတို့သည် ထိုဘုရားများရှေ့တွင်ဦးညွှတ်ကြသဖြင့် ထာဝရဘုရားအမျက်တော်ကိုထွက်စေ ကြလေသည်။-
ဂိဒေါင်သည်ထိုရွှေများဖြင့်ရုပ်တုတစ်ခုကို သွန်းလုပ်ပြီးလျှင် မိမိနေထိုင်ရာသြဖရ မြို့၌ထားရှိ၏။ ဣသရေလအမျိုးသား အပေါင်းတို့သည်လည်း ဘုရားသခင်ကိုစွန့် ပစ်ကာထိုရုပ်တုကိုဝတ်ပြုကိုးကွယ်ရန် သြဖရမြို့သို့သွားကြကုန်သည်။ ယင်း သည်ဂိဒေါင်နှင့်အိမ်ထောင်စုအတွက် ကျော့ကွင်းသဖွယ်ဖြစ်လာ၏။