``နောင်အခါ၌သင်တို့၏သားသမီးတို့သည် သင်တို့အား`ငါတို့၏ဘုရားသခင်ထာဝရ ဘုရားက ဤပညတ်ရှိသမျှကိုအဘယ် ကြောင့်ပြဋ္ဌာန်းတော်မူရသနည်း' ဟူ၍ မေး ကြလျှင်၊-
အို ဘုရားသခင်၊ ရှေးကာလကဘိုးဘေးတို့လက်ထက်၌ ကိုယ်တော်ပြုတော်မူခဲ့သောအမှုအရာများ အကြောင်းကိုသူတို့ပြောပြသဖြင့် ကျွန်တော်မျိုးတို့ကိုယ်တိုင်ကြားကြရပါပြီ။
သင်တို့၏သားသမီးများက`ဤသို့ဝတ်ပြု ခြင်းမှာမည်သို့ဆိုလိုပါသနည်း' ဟုမေး လျှင်၊-
နောင်အခါ၌သင်၏သားက`အဘယ်ကြောင့်ဤ သို့ပြုလုပ်ရပါသနည်း' ဟုမေးလျှင်`ထာဝရ ဘုရားသည်မဟာတန်ခိုးတော်ဖြင့် ငါတို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့တော် မူ၏။-
ထိုပွဲတော်စတင်ကျင်းပသောနေ့တွင်သင် ၏သားတို့အား`အီဂျစ်ပြည်မှငါတို့ထွက် ခွာလာစဉ်က ထာဝရဘုရားပြုတော်မူ သောကျေးဇူးတော်ကိုအောက်မေ့သည့်အထိမ်း အမှတ်ပွဲတော်ဖြစ်သည်' ဟုရှင်းပြရမည်။-
သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။
သင်တို့သည်သတိရှိကြလော့။ သင်တို့ကိုယ် တိုင်မြင်ခဲ့သမျှတို့ကို တစ်သက်လုံးမမေ့ စေရန်သတိပြုကြလော့။-
ကတိတော်အတိုင်းသင်တို့၏ရန်သူတို့ကို လည်းနှင်ထုတ်နိုင်လိမ့်မည်။''
`ငါတို့သည်အီဂျစ်ပြည်ဘုရင်ထံတွင်ကျွန် ခံခဲ့ရစဉ်က ထာဝရဘုရားသည်မဟာ တန်ခိုးတော်ဖြင့်ငါတို့အားကယ်ဆယ်ခဲ့ ၏။-
ထိုပညတ်များကို သင်တို့၏သားသမီးတို့ အားသွန်သင်ရမည်။ အိမ်၌ရှိသည့်အခါ ဖြစ်စေ၊ နားနေသည့်အခါဖြစ်စေ၊ အလုပ် လုပ်သည့်အခါဖြစ်စေ ထိုပညတ်တော်များ ကိုသွန်သင်ရမည်။-