Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 6:11

Common Language Bible

သင်​တို့​မ​စု​ဆောင်း​ဘဲ ကောင်း​မွန်​သော​အ​ရာ များ​နှင့်​ပြည့်​စုံ​သော​အိမ်​များ​ကို​လည်း​ကောင်း၊ သင်​တို့​မ​တူး​သော​ရေ​တွင်း​များ​ကို​လည်း ကောင်း၊ သင်​တို့​မ​စိုက်​ပျိုး​သော​စ​ပျစ်​ခြံ​နှင့် သံ​လွင်​ခြံ​များ​ကို​လည်း​ကောင်း သင်​တို့​အား ပေး​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​ကို​ပို့​ဆောင်​၍ ထို​ပြည်​သို့​ရောက်​သ​ဖြင့် သင်​တို့​သည်​အ​စား​အ​စာ​ကို​ဝ​လင်​စွာ စား​ရ​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​ခံ​တပ်​မြို့​များ၊ မြေ​သြ​ဇာ​ကောင်း​သည့်​ပြည်၊ ဘဏ္ဍာ​အ​မျိုး​မျိုး​နှင့်​ပြည့်​ဝ​သည့်​အိမ်​များ အ​ဆင်​သင့်​တူး​ထား​ပြီး ရေ​တွင်း​များ​သံ​လွင်​ပင်​များ​သစ်​သီး​ပင်​များ​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​သိမ်း​ယူ​ကြ​ရ​ပါ​၏။ သူ​တို့​သည်​စိတ်​ရှိ​သ​မျှ​စား​သောက်​ကာ ဝ​ဖြိုး​လာ​ကြ​ပါ​၏။ ကိုယ်​တော်​ပေး​တော်​မူ​သော​ကောင်း​မြတ်​သည့် အ​ရာ​တို့​ကို​ခံ​စား​ကြ​ရ​ပါ​၏။

ကိုယ်​တော်​သည်​သူ​တို့​အား​အ​ခြား​လူ​မျိုး​တို့​၏ ပြည်​များ​ကို​ပေး​အပ်​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ထို​သူ​တို့​၏​လယ်​ယာ​များ​ကို သိမ်း​ပိုက်​ကြ​ရ​၏။

ထို​အ​စား​အ​စာ​များ​သည် ကိုယ်​ပိုင်​ပစ္စည်း​ဟူ​၍ မ​ရှိ​သော​လေ​ဝိ​အ​မျိုး​သား​များ၊ သင်​တို့​မြို့ ရွာ​တွင်​နေ​ထိုင်​ကြ​သော​လူ​မျိုး​ခြား​သား များ၊ မိ​ဘ​မဲ့​က​လေး​များ၊ မု​ဆိုး​မ​များ အ​တွက်​ဖြစ်​သည်။ သူ​တို့​သည်​ထို​အ​စား အ​စာ​များ​မှ လို​အပ်​သ​လောက်​ယူ​၍​စား သုံး​နိုင်​၏။ ဤ​သို့​ပြု​လျှင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဆောင် ရွက်​သ​မျှ​ကို​ကောင်း​ချီး​ပေး​တော်​မူ​လိမ့် မည်။''

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​အား​ပေး​သ​နား​တော်​မူ​မည့်​ပြည် တွင်​နေ​ထိုင်​သော​လူ​မျိုး​တို့​ကို သုတ်​သင်​ပယ် ရှင်း​ပြီး​နောက်​သင်​တို့​သည်​သူ​တို့​၏​မြို့​များ နှင့်​အိမ်​များ​ကို​သိမ်း​ယူ​နေ​ထိုင်​ကြ​သော အ​ခါ၊-

``ထာ​ဝရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် ကြွယ်​ဝ​ချမ်း​သာ​သ​ဖြင့် ဘု​ရား​ကို​ပုန်​ကန်​ကြ​၏။ သူ​တို့​သည်​ဝ​ဖြိုး​လာ​ကြ​၏။ အ​စား​အ​စာ​ဝ​စွာ​စား​ရ​ကြ​၏။ သူ​တို့​အား​ဖန်​ဆင်း​သော​ဘု​ရား​သ​ခင်​ကို စွန့်​၍ တန်​ခိုး​ကြီး​သော​ကယ်​တင်​ရှင်​အား​ပစ်​ပယ် ကြ​၏။

သင်​တို့​မ​ထွန်​ယက်၊ မ​လုပ်​ကိုင်​ခဲ့​ဘူး​သော​လယ် ယာ​နှင့်​မ​တည်​ခဲ့​ဘူး​သော​မြို့​များ​ကို​သင်​တို့ အား​ငါ​ပေး​ခဲ့​၏။ ယ​ခု​အ​ခါ​သင်​တို့​သည်​ထို မြေ​ပေါ်​တွင်​နေ​ထိုင်​၍ သင်​တို့​မ​စိုက်​သော​စပျစ် ခြံ​နှင့်​သံလွင်​ခြံ​တို့​မှ​အ​သီး​ကို​စား​သုံး​ရ ကြ​၏' ဟု​ဆို​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​မေ့​လျော့ သွား​ကြ​၏။ ကိုယ်​တော်​ကို​ပြစ်​မှား​ကာ​ဗာ​လ ဘု​ရား​နှင့်​အာ​ရှ​ရ​ဘု​ရား​တို့​ကို​ဝတ်​ပြု ရှိ​ခိုး​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ