Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 5:27

Common Language Bible

ကိုယ်​တော်​သာ​ချဉ်း​ကပ်​၍​အ​ကျွန်ုပ်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သ​မျှ ကို​ကြား​နာ​ပြီး​လျှင် အ​ကျွန်ုပ်​တို့​အား​ဆင့် ဆို​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​အ​မိန့်​တော် ကို​နာ​ခံ​ပါ​မည်' ဟု​လျှောက်​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​သူ​တို့​အား​ဘု​ရား​သ​ခင်​၏​အ​မိန့် နှင့်​ပ​ညတ်​တော်​များ​ကို​သင်​ကြား​ပေး​၍ သူ တို့​မည်​ကဲ့​သို့​လိုက်​နာ​ကျင့်​သုံး​ရ​မည်​ကို ရှင်း​လင်း​ပေး​ခြင်း​မှာ​လည်း​ကောင်း​ပေ သည်။-

ထို​အ​ခါ​လူ​အ​ပေါင်း​တို့​က``အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို​လိုက် နာ​ပါ​မည်'' ဟု​တ​ညီ​တ​ညွတ်​တည်း​ပြော​ကြား ကြ​၏။ မော​ရှေ​သည်​လည်း​လူ​အ​ပေါင်း​တို့​၏ ဖြေ​ကြား​ချက်​ကို​ထာ​ဝ​ရ​ဘု​ရား​ထံ​လျှောက် ထား​လေ​၏။

လူ​အ​ပေါင်း​တို့​သည်​မိုး​ချုန်း​သံ၊ တံ​ပိုး​မှုတ်​သံ နှင့်​လျှပ်​စစ်​ပြက်​ခြင်း၊ တောင်​မှ​မီး​ခိုး​ထွက်​ခြင်း တို့​ကို​ကြား​ရ​မြင်​ရ​သော​အ​ခါ ကြောက်​ရွံ့ တုန်​လှုပ်​လျက်​အ​ဝေး​၌​ရပ်​နေ​ကြ​၏။-

သူ​တို့​က​မော​ရှေ​အား``ကိုယ်​တော်​က​သာ အ​ကျွန်ုပ်​တို့​အား ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​ကို ဆင့်​ဆို​ပါ။ အ​ကျွန်ုပ်​တို့​နား​ထောင်​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​က​အ​ကျွန်ုပ်​တို့​အား​တိုက် ရိုက်​မိန့်​ကြား​ပါ​က အ​ကျွန်ုပ်​တို့​သေ​မည် ကို​စိုး​ရိမ်​ပါ​သည်'' ဟု​ဆို​လေ​၏။

မော​ရှေ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ ပြန်​လာ​၍၊ ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​သ​မျှ​နှင့် စီ​ရင်​တော်​မူ​ချက်​အ​လုံး​စုံ​တို့​ကို​ပြော​ကြား လေ​၏။ လူ​အ​ပေါင်း​တို့​က``အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း လိုက်​နာ​ဆောင်​ရွက်​ပါ​မည်'' ဟု​တ​ညီ​တ​ညွတ် တည်း​ဆို​ကြ​၏။-

ထို​အ​ခါ​သူ​တို့​သည်​ငါ့​အား``အ​ကယ်​၍ အ​ကျွန်ုပ်​တို့​သည်​အ​ရှင့်​အား​ဖြင့်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော အ​မိန့်​တော်​တို့​ကို​မ​လိုက်​နာ​ခဲ့​သော် ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​တစ်​ဘက်​၌​သစ္စာ စောင့်​၍​ဟုတ်​မှန်​သော​သက်​သေ​ဖြစ်​တော် မူ​ပါ​စေ​သော်။-

အ​ရှင့်​အား​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​ပန်​ကြား​ခဲ့​ကြ​၏။ အ​ကျွန်ုပ်​တို့​နှစ်​သက်​သည်​ဖြစ်​စေ၊ မ​နှစ်​သက် သည်​ဖြစ်​စေ​အ​မိန့်​တော်​များ​ကို​အ​ကျွန်ုပ် တို့​လိုက်​နာ​ကြ​ပါ​မည်။ ကိုယ်​တော်​ရှင်​၏ စ​ကား​ကို​နား​ထောင်​ပါ​မူ​အ​ကျွန်ုပ်​တို့ အ​ဖို့​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ လိမ့်​မည်'' ဟု​ပြော​ကြား​ကြ​၏။

အ​သက်​ရှင်​တော်​မူ​သော​ဘုရား​၏​အ​သံ​တော် ကို​မီး​ထဲ​မှ အ​ကျွန်ုပ်​တို့​ကဲ့​သို့​ကြား​ရ​ပြီး​မှ အ​သက်​ရှင်​သော​လူ​သတ္တ​ဝါ​ရှိ​ဖူး​ပါ​သ​လော။-

``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ထို​သို့​လျှောက် ထား​သော​စ​ကား​ကို​ကြား​တော်​မူ​လျှင် ငါ့ အား`ငါ​သည်​ဤ​သူ​တို့​လျှောက်​ထား​သော စ​ကား​ကို​ကြား​ရ​ပြီ။ သူ​တို့​ပြော​သည့် အ​တိုင်း​မှန်​ပေ​၏။-

ထို​အ​ခါ​လူ​တို့​က​ယော​ရှု​အား``အ​ကျွန်ုပ်​တို့ သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​၍ ကိုယ်​တော်​၏ စကား​တော်​ကို​နား​ထောင်​ပါ​မည်'' ဟု​က​တိ ပေး​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ