တရားဟော 5:24Common Language Bible`အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ၏အသံတော်ကိုမီးထဲမှကြားရသဖြင့် အကျွန်ုပ်တို့အားထာဝရဘုရားက မိမိ ၏ဘုန်းတန်ခိုးတော်ကိုထင်ရှားပြသတော် မူပါပြီ။ ဘုရားသခင်သည်လူသားအား စကားပြောသော်လည်း လူသားသည်မသေ ဘဲအသက်ရှင်နေနိုင်ကြောင်းကိုအကျွန်ုပ် တို့ယနေ့သိမြင်ရကြပါပြီ။- အခန်းကိုကြည့်ပါ။ |
သူတို့ကဤပြည်ရှိပြည်သားတို့အားသတင်း ပြောကြားကြပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်၏မိုးတိမ်သည်အကျွန်ုပ် တို့၏အထက်တွင်ထင်ရှားစွာတည်နေကြောင်း ကိုလည်းကောင်း၊ ကိုယ်တော်သည်နေ့အချိန်တွင် မိုးတိမ်တိုင်၊ ညအချိန်တွင်မီးတိမ်တိုင်အား ဖြင့်အကျွန်ုပ်တို့ရှေ့မှကြွသွားတော်မူကြောင်း ကိုလည်းကောင်း ဤပြည်ရှိပြည်သားများသိ ရပြီးဖြစ်ပါသည်။-