တရားဟော 5:22Common Language Bible``ထာဝရဘုရားသည်တောင်အနီးသို့စုရုံး လာသောသင်တို့အပေါင်းအား ဤပညတ်တော် များကိုပြဋ္ဌာန်းပေးတော်မူ၏။ ထာဝရဘုရား သည်မီးနှင့်မှောင်မည်းသောမိုးတိမ်ထဲမှကျယ် သောအသံတော်ဖြင့် ဤပညတ်တော်များကိုမိန့် မြွက်တော်မူ၏။ ထပ်၍မိန့်မြွက်တော်မမူ။ ထို့ နောက်ထာဝရဘုရားသည်ပညတ်တော်များ ကိုကျောက်ပြားနှစ်ချပ်ပေါ်တွင်ရေး၍ငါ့ အားပေးအပ်တော်မူသည်။'' အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့ကဲ့သို့သင်တို့ သည်လက်နှင့်စမ်းသပ်နိုင်သောသိနာတောင် သို့ရောက်ရှိနေကြသည်မဟုတ်။ ထိုတောင် သည်မီးတောက်မီးလျှံထ၍မဲမှောင်ညိုမှိုင်း ကာမုန်တိုင်းကျလျက် တံပိုးခရာမှုတ်သံ နှင့်ဗျာဒိတ်တော်အသံထွက်ပေါ်လာသည့် တောင်ဖြစ်၏။ ဣသရေလအမျိုးသားတို့သည် ဗျာဒိတ်တော်အသံကိုနောက်တစ်ဖန်မကြား ရစေရန်မောရှေအားတောင်းပန်ကြ၏။-