Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 4:44

Common Language Bible

မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပညတ်​တော် များ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြ​ဋ္ဌာန်း​ပေး​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​အ​တွက်​ငါ​ရေး​သား​ပေး​သည့်​ပ​ညတ် တော်​များ​နှင့် အ​မိန့်​တော်​များ​ကို​အ​စဉ်​အ​မြဲ လိုက်​နာ​ရ​ကြ​မည်။ သင်​တို့​သည်​အ​ခြား ဘု​ရား​များ​၏​စ​ကား​ကို​နား​မ​ထောင်​ရ။-

ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​က သိ​နာ​တောင် ပေါ်​တွင်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ပေး​အပ်​သော​ပ​ညတ် များ​ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော​ဝတ်​ပြု​ရာ ကျမ်း​ပြီး​၏။

``ငါ​၏​အ​စေ​ခံ​မော​ရှေ​၏​ပ​ညတ်​တ​ရား များ​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​လိုက်​နာ​ကြ​ရန်​သိ​နာ​တောင်​ပေါ် တွင်​သူ့​အား​ငါ​ပေး​အပ်​ခဲ့​သည့်​နည်း​ဥ​ပ​ဒေ များ​နှင့်​ကျင့်​ထုံး​ကျင့်​နည်း​များ​ကို​လည်း ကောင်း​အောက်​မေ့​သ​တိ​ရ​ကြ​လော့။

ဤ​ပ​ညတ်​များ​သည်​ကား​ယေ​ရိ​ခေါ​မြို့ တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ​မော​ဘ​လွင်​ပြင်​၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပေး​တော် မူ​သော​ပ​ညတ်​များ​ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော​တော​လည်​ရာ ကျမ်း​ပြီး​၏။

ဘု​ရား​သ​ခင်​သည်​ပ​ညတ်​တ​ရား​ကို​မော​ရှေ အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။ သို့​ရာ​တွင်​ကျေးဇူး တရား​နှင့် သစ္စာ​တရား​တို့​ကို​မူ​ကား​ယေ​ရှု​ခ​ရစ် အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။-

မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​မော​ဘ​ပြည်​တွင် ရောက်​ရှိ​နေ​ကြ​စဉ် ဘု​ရား​သ​ခင်​၏​ပ​ညတ် များ​နှင့်​သွန်​သင်​ချက်​များ​ကို​စ​တင်​ရှင်း​လင်း ပေး​လေ​သည်။

`` `ဘု​ရား​သ​ခင်​၏​ပ​ညတ်​များ​နှင့်​သွန်​သင် ချက်​ရှိ​သ​မျှ​တို့​ကို​မ​လိုက်​နာ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော​အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ​မည်။

ထို​ကျောက်​တုံး​များ​ပေါ်​တွင် ဤ​ပညတ်​များ နှင့်​သွန်​သင်​ချက်​ရှိ​သ​မျှ​တို့​ကို​ရေး​ထား ရ​မည်။ သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​သို့​သင်​တို့​ကူး ပြီး​နောက် အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော ပြည်​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ၊-

မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို​လည်း​ပူ​ဇော်​၍ စား​ရ​ကြ​မည်။ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​၌​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ကြ​လော့။ အင်္ဂ​တေ​လိမ်း​ကျံ​ထား​သော​ကျောက် တုံး​များ​ပေါ်​တွင်​ဘု​ရား​သ​ခင်​၏​ပ​ညတ် တော်​အား​လုံး​ကို သေ​ချာ​စွာ​ရေး​သား ထား​လော့'' ဟု​ပြော​ဆို​၏။

အ​ကျွန်ုပ်​တို့​သည်​မော​ရှေ​ပေး​သော​ပ​ညတ် တ​ရား​တော်​ကို​စောင့်​ထိန်း​ကြ​၏။ ယင်း​ပ​ညတ်​တ​ရား​တော်​ကား​ငါ​တို့​လူ​မျိုး​၏ အ​မြတ်​နိုး​ဆုံး​သော​အ​မွေ​ဥစ္စာ​ဖြစ်​၏။

ရု​ဗင်​အ​နွယ်​အ​တွက်​ကုန်း​ပြင်​သဲ​ကန္တာရ​ရှိ ဗေ​ဇာ​မြို့​ကို​လည်း​ကောင်း၊ ဂဒ်​အနွယ်​အ​တွက် ဂိလဒ်​ဒေ​သ​ရှိ​ရာမုတ်​မြို့​ကို​လည်း​ကောင်း၊ မ​နာ ရှေ​အနွယ်​အ​တွက်​ဗာ​ရှန်​ဒေ​သ​ရှိ​ဂေါ​လန် မြို့​ကို​လည်း​ကောင်း ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ် သတ်​မှတ်​ပေး​သည်။

သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး နောက် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ဗက်​ပေ​ဂု​ရ​မြို့ တစ်​ဘက်​တွင်​ရှိ​သော​ချိုင့်​ဝှမ်း​၌​ရောက်​ရှိ​နေ ကြ​စဉ်​မော​ရှေ​သည် ပညတ်​တော်​များ​ကို​ပြ​ဋ္ဌာန်း ပေး​သည်။ ထို​အ​ရပ်​သည်​ဟေ​ရှ​ဘုန်​မြို့​တွင် စိုး​စံ​သော​အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန်​၏​ပိုင်​နက် ဖြစ်​ခဲ့​သည်။ မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး သည့်​နောက်​ထို​ဘု​ရင်​ကို​နှိမ်​နင်း​၍၊-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တောင် ဘက်​အာ​နုန်​မြစ်​ဝှမ်း​မှ​မြောက်​ဘက်​ဟေ​ရ​မုန် တောင်​အ​ထိ၊ အ​ရှေ့​ဘက်​နယ်​မြေ​နှင့်​ယော်​ဒန် မြစ်​ဝှမ်း​တစ်​လျှောက်​လုံး​ကို​တိုက်​ခိုက်​သိမ်း ယူ​ခဲ့​ပြီး​ဖြစ်​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ